ဝ
“ဝ”လူမျိုးများသည် သမိုင်းမတင်နိုင်သေးမီခေတ်ကပင် အရှေ့အာရှအလယ်ပိုင်း မွန်ဂို ကုန်းမြင့်တွင် စတင်ပေါက်ဖွားခဲ့သည်။ လူစုလူဝေးဖြင့် တိရိစ္ဆာန်များကို အမဲလိုက်စားသောက် အသက်မွေးရင်း တရွေ့ရွေ့ဖြင့် ကုန်လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀)မတိုင်မီခရစ်တော်မပေါ်မီ ဘီစီ (၁၀၀၀)ခန့်ကပင် မွန်ဂိုကုန်းမြင့်၏ တောင်ဘက်ယန်စီမြစ်ဝှမ်းသို့ ရောက်ရှိလာခဲ့ကြပြီးဖြစ်ပါ သည်။ မနုဿဗေဒပညာရှင်များ၏ သတ်မှတ်ချက်အရ မွန်ဂိုမျိုးနွယ်ဝင်တောင်ပိုင်းအစုကြီးအတွင်း မှ မွန်-ခမာအုပ်စုမျိုးများဖြစ်ကြသည်။ အရှေ့တောင်အာရှတိုက် မြန်မာနိုင်ငံအတွင်းသို့ ရှေးအကျ ဆုံးဝင်လာကြသော မွန်-ခမာအစုကြီးတွင် ‘ဝ’မျိုးနွယ်တို့ပါဝင်သည်။ မွန်-ခမာအုပ်စုကြီးနှင့်အတူ ‘ဝ’တို့သည် အရှေ့တောင်အာရှဒေသသို့ ထပ်မံပြောင်းရွှေ့ခဲ့ပါသည်။ တောင်ဘက်သို့ ဆင်းသက် လာကြသော မွန်-ခမာအုပ်စုထဲမှ ‘ဝ’လူမျိုးတို့သည် မြန်မာနိုင်ငံ ဧရာဝတီ၊ စစ်တောင်းနှင့် သံလွင မြစ်ဝကျွန်းပေါ်ဒေသများတွင် ဘီစီ(၆၀၀)မတိုင်မီကတည်းက ထိုမြစ်ဝှမ်းများသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ‘ဝ’လူမျိုးတို့သည် ဘီစီ(၂၀၀)ခန့်ဝန်းကျင်တွင် မြန်မာနိုင်ငံ၏အရှေ့တောင်ဒေသတစ်ခု လုံးနှင့်ထိုင်းနိုင်ငံ၏တောင်ပိုင်း၊မြောက်ပိုင်းတို့တိုင်အောင် ပျံ့နှံ့ရောက်ရှိကာ အခြေချနေထိုင်ကြပြီ ဖြစ်သည်။ မွန်-ခမာ စကားပြောသူများကို “ဩစတြိုအေးရှု”အနွယ်ဟုလည်းခေါ်ကြသည်။ ရှေးဟောင်းမြန်မာကျောက်စာ၊ မှင်စာ၊ စာပေတို့တွင် ‘ဝ’လူမျိုးတို့အား ‘ဝ’၊ လ၊ လဝ၊ လွအ်ဟုလည်းကောင်း ရှမ်းလူမျိုးများက ကွန်းလွယ်၊ လွယ်၊ လွယ်လဟုလည်းကောင်း ထိုင်းလူမျိုး များက လဝ၊ လွဟုလည်းကောင်း တရုတ်လူမျိုးများက ‘ဝ’( Va, Vax) “အဝ” (Ava, Avax)ဟုလည်းကောင်း ခေါ်ခဲ့ကြသည်။ ‘ဝ’လူမျိုးဟူသောအမည်ကိုသာ ‘ဝ’လူမျိုးတို့အနှစ်သက်ဆုံးဖြစ် သည်။ အေဒီ (၁၂၄၃)နောက်ပိုင်းတွင် ‘ဝ’လူမျိုးများသည် ထိုင်း၊ တရုတ်၊ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ Wakut များအဖြစ် အသီးသီးပျံ့နှံ့သွားခဲ့ကြရာ ‘ဝ’လူမျိုးတူ အမည်ကွဲ (၃၀) မျိုးအထိ ရှာဖွေတွေ့ရှိကြောင်း သမိုင်းသုတေသနမှတ်တမ်းများမှ ထင်ရှားစွာ မှတ်တမ်းတင် ထားပါသည်။ ‘ဝ’လူမျိုးများသည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးမြို့၏ မြောက်ဘက် မတ္တရာမြို့ အနီး အုတ်ဖိုတွင် “တွေ့လဝ” ဟူသောအမည်ဖြင့်လည်းကောင်း၊ မန္တလေးမြို့၏တောင်ဘက် ကျောက်ဆည်နယ်တွင်လည်းကောင်း အနောက်သို့လားသော် အင်းဝ၊ စစ်ကိုင်း၊ ပုဂံအထိလည်း ကောင်း ၊ “ဝ”၊ လ၊ လဝ၊ လွအ်ဟူသော အမည်အမျိုးမျိုးခေါ်ဝေါ်ကြလျက် ကျေးရွာအုပ်စုကြီးများ ထူထောင်ကာ နေထိုင်ခဲ့ကြသည်။ ‘ဝ’လူမျိုးများသည် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးဒေသ ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်များ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ နေရာဒေသများ၊ ရှမ်း ပြည်နယ်တောင်ပိုင်းရှိမြို့နယ်များ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာချီလိတ်၊ မိုင်းပျဉ်း၊ မက်မန်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းကာ၊ မိုင်းဖျင်၊ မိုင်းပေါက်စသည့်ဒေသများတွင် ယနေ့တိုင်ပျံ့နှံ့နေထိုင်လျက်ရှိကြပါသည်။ ‘ဝ’လူမျိုးများသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ရိုးရာနတ် ကိုးကွယ်သည့်ဓလေ့များကို သက်ဝင်ယုံကြည် ကိုးကွယ်ကြသည်။ ‘ဝ’လူမျိုးများသည် လယ်ယာ၊ တောင်ယာ၊ ရာဘာ၊ လက်ဖက်၊ ပျားလိမ္မော်၊ နှစ်ရှည်သီးပင်များ၊ လိုင်ချီး၊ နှင်းသီးအစရှိသော စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး လုံနီ၊ ခဲမဖြူတူးဖော်ရေး၊ ကျင်ချန်းသွပ်၊ သတ္တုတူးဖော်ရေး၊ မိုင်းဖျင်၊ မဂ္ဂနီသတ္တုတူးဖော်ရေး၊ နမ့်ခမ်းဦးနမ့်ဆန်သတ္တုတူးဖော်ရေး၊ တိန်ကော်သတ္တု၊ ရွေးလုပ်ငန်းများအပြင် ရာဘာစိုက်ခင်း မိုင်ပေါင်း(၅၀၀၀)ကျော်နှင့် နှစ်ရှည်သီးနှံစိုက်ခင်း မိုင်ပေါင်း (၂.၄)သိန်းကျော်၊ မိုင်းမောမြို့နယ် ကုန်မင်ဘောင် လက်ဖက်စိုက်ခင်း အစရှိသည့် အတိုင်းအတာကြီးသော ဘိန်းအစားထိုးလုပ်ငန်းခွင် များ ဝင်ရောက်လုပ်ကိုင်နိုင်စေခဲ့သည်။