တောင်ရိုး
တောင်ရိုးတိုင်းရင်းသားလူမျိုးများမွေးဖွားဆင်းသက်ပုံနှင့်ပတ်သက်၍ ဖော်ပြထားသည်မှာ အရိမန္ဒနာပေါက္ကံရာမ၊ ပုဂံဘုရားတန်နက်မင်းကြီး၏ မိဖုရားကြီးသည် တန်နက်မင်းအား စလေငခွေး လုပ်ကြံ၍ ငခွေးမင်းဖြစ်သောအခါ ငခွေးကမိဖုရားမြှောက်စားမည်ကို မလိုလားသဖြင့် တန်နက်မင်း၏ မိဖုရားကြီးသည် ဝမ်း၌ပဋိသန္ဓေရှိနေလျှက် မိမိနှင့်အတူပါလာသောအခြွေအရံများကိုခေါ်၍ နန်းတော် မှဆင်းပြေးလေ၏။ ထို့နောက်မိဖုရားကြီးသည် နောင်နန်းလိုဏ်ဂူချောင်းဖြူအရပ်၌ ရွာတည်၍ နေလေ သည်။ထို့အရပ်ကို သုဝဏ္ဏသောတနဂါးပြည်သို့ သွားသောလမ်းဟုဆို၏။ ယခုအခါနောင်နန်းလိုဏ်ဂူ ချောင်းဖြူအရပ်သည် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် သာစည်နယ်စပ်ရှိ ချောင်းဖြူရွာနှင့် နောင်နန်း လိုဏ်ဂူ ဟုဆိုကြ၏။ တန်နက်မင်း၏ မိဖုရားကြီးသည် ထိုအရပ်မှာပင် သားတော်တစ်ပါးကိုဖွားမြင် တော်မူ၏။ အမည်မှာ တောင်ရိုး ခေါ် “ဖိုးဆော်”ဟု တွင်လေ၏။ တန်နက်မင်းကြီး၏ မိဖုရားကြီး သည် ဓညဝတီရခိုင်ပြည့်ရှင်မင်းကြိးတစ်ပါး၏ သမီးတော်ဟု ဆို၏။ ထိုမိဖုရားနှင့်အတူပါလာကြသော ရခိုင် ပြည့်ရှင်မင်းကြီးတစ်ပါး၏ သမီးတော်ဟု ဆို၏။ ထိုမိဖုရားနှင့်အတူ ပါလာကြသော အခြွေအရံ ကိုယ်လုပ်တော်အဖော်များသည် ရခိုင်ပြည်မှ ပါလာကြသော ရခိုင်လူမျိုးများဖြစ်၏။ နောင်နန်း လိုဏ်ဂူ ချောင်းဖြူအရပ်၌ ရွာကလေးတည်၍နေထိုင်ကြပြီး တောင်ကုန်း၊ ရိုးမမကျန် ရွှေ့ပြောင်းကာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးမှုပြုကာ နေထိုင်ရင်းအချိန်ကြာလာသောအခါ မိဖုရားကြီးနှင့်အခြွေအရံလူတစ်စုကို “တောင်ရိုးပျော်” “တောင်ရိုးလူမျိုး”ဟု မှည့်ခေါ်ကြသည်ဟု
ဖော်ပြပါရှိသည်။ ထိုကဲ့သို့ သမိုင်းရာဇဝင်အဆိုကို အများက လက်ခံကြပြီး တောင်ရိုးတိုင်းရင်းသား တို့သည် ရခိုင်လူမျိုးတို့မှ ဆင်းသက်လာသူများဖြစ်ကြသည်။ တောင်ရိုးတိုင်းရင်းသားတို့တွင် (၁) နန်းမှန်တောင်ရိုး(သို့မဟုတ်)တောင်ရိုးကြီး၊ (၂) ရသူတောင်ရိုး၊ (၃)ပြင်သူတောင်ရိုး (သို့)တောင်ရိုးနီ ဟူ၍ သုံးမျိုးရှိသည်ဟု ဆိုသည်။ ယင်းသုံးမျိုးကိုပင် တောင်ရိုးကြီး၊ တောင်ရိုးလတ်၊ တောင်ရိုးငယ် ဟူ၍ ခွဲခြားပြီးခေါ်လေ့ရှိသည်။ ဤသို့ခွဲခြားပြီးခေါ်ခြင်းမှာ ၎င်းတို့၏ပြောစကားများ၊ ရှေးကျမကျ ဟူသောအချက်နှင့်စကားသံအလေးအပေါ့ပေါ်တွင် မူတည်ပြီးခွဲခြားထားသည်။ယင်းတို့သည် တစ်မျိုး နှင့်တစ်မျိုးပြောဆိုသော စကားခံအလေးအပေါ့ကိုလိုက်၍ ကွာခြားသည်ဟု ဆိုသည်။တောင်ရိုး တို်ငးရင်းသားများသည် ရိုးသားကြိုးစား၍ ဖော်ရွေပျူငှာသောတိုင်းရင်းသားများဖြစ်ပါသည်။ရိုးသား ပွင့်လင်းစွာဆက်ဆံတတ်သူများလည်းဖြစ်သည်။ စိတ်ထားနူးညံ့၍ အေးဆေးစွာနေလိုသော သဘော ရှိသည်။ သဒ္ဓါတရားထက်သန်ကြသည်။ ရောင့်ရဲပြီး၊ လောဘနည်းကြသည်။ မိမိတို့မိသားစု အလုပ် တာဝန်များကိုလည်း တစ်ဦးနှင့်တစ်ဦးခိုကပ်မှုမရှိဘဲ အားစိုက်ခွန်စိုက်ကြိုးစားလုပ်ကိုင်ကြပါသည်။ ၎င်းတို့၏ တိုင်းရင်းသားမျိုးနွယ်အချင်းချင်းမှာလည်း တစ်ဦး၏အခက်အခဲကိုတစ်ဦးက အတတ်နိုင်ဆုံး ကူညီလုပ်ကိုင်ပေးကြပါသည်။ ရပ်ရေး၊ ရွာရေး မိမိတို့၏တိုင်းရင်းသားမျိုးနွယ်စုအရေးတို့ကိုလည်း စိတ်ပါဝင်စားစွာ ပါဝင်ဆောင်ရွက်ကြပါသည်။တောင်ရိုးတိုင်းရင်းသားများသည် ဘုန်းတော်ကြီး ကျောင်းများတွင် မြန်မာစာကိုသင်ယူလေ့လာခဲ့ရသည်။ ယခင်ကတောင်ရိုးစာပေဟူ၍ သီးသန့်မရှိခဲ့ ပါ။စကားပြောရာတွင်လည်း မြန်မာဘာသာစကားကို အသုံးများပြီး ရေမြေသဘာဝအရ အသံထွက် အချို့ကွဲလွဲကာ အသုံးအနှုန်းနှင့်ဝေါဟာရအချို့မှာ ရခိုင်နှင့်ဆင်၍ အချို့မှာ မြန်မာပေါရာဏစကားလုံး နှင့်ဆင်သည်။ယခင်က တောင်ရိုးတိုင်းရင်းသားအမျိုးသမီးများသည် စာကောင်းကောင်းမသင်ယူခဲ့ ရပေ။ထို့ကြောင့် တောင်ရိုးအမျိုးသမီးများသည် ဘုရားစာကိုပင် မြန်မာအသံဖြင့် မရွတ်ဆိုနိုင်ဟု သိခဲ့ ရပါသည်။သို့သော် ယခုနောက်ပိုင်းကာလများတွင် ဘုန်းတော်ကြီးကျောင်းများတွင် စာသင်ကြားလာ ရ၍ မြန်မာလိုကောင်းစွာပြောနိုင်နေကြပြီဖြစ်ပါသည်။ယခုအခါတောင်ရိုးတိုင်းရင်းသားတို့ နေထိုင်ရာ ကျေးရွာများတွင် စာသင်ကျောင်းများအများအကြားရှိနေပြီဖြစ်ပါသောကြောင့် တောင်ရိုးတိုင်းရင်းသား တို့နေထိုင်ရာ ကျေးရွာများတွင် စာသင်ကျောင်းများ အများအပြားရှိနေပြီဖြစ်သောကြောင့် တောင်ရိုး တိုင်းရင်းသားလူငယ်များသည် ဘွဲ့ရ၊ ပညာတတ်လူငယ်အမြောက်အများပင်ရှိနေပြီဖြစ်သည်။မြန်မာ စာပေကို အခြေခံ၍ တောင်ရိုးစာပေကို တီထွင်ကာ တောင်ရိုးတိုင်းရင်းသားတို့ကို ဘုန်းတော်ကြီး ကျောင်းတွင် သင်ကြားပေးလျက်ရှိနေပါသည်။တောင်ရိုးတိုင်းရင်းသားတို့၏ သင်ပုန်းကြီးဖတ်စာကို ထုတ်နုတ်ထားပါသည်။