လွိုင်လင် နိုဝင်ဘာ-၂၁
Polytechnic University (Pannglong)ဖွင့်ပွဲကို နိုဝင်ဘာလ (၂၁) ရက်၊ နံနက် (၉) နာရီက လွိုင်လင်မြို့၊ ပင်မသုံးထပ်ဆောင် စာသင်ဆောင်ရှေ့၌ ကျင်းပသည်။
ဦးစွာ ရှမ်းရိုးရာအကအဖွဲ့၊ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကဖွဲ့များမှ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများကို ကြိုဆိုကပြဖျော်ဖြေကြသည်။
ထို့နောက် Polytechnic University (Panglong) အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး Polytechnic University (Panglong) ဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးကြောင်းသိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ဘင်ခရာတပ်ဖွဲ့၊ ရှမ်းရိုးရာအကအဖွဲ့၊ ပန်းပွားအကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးကြပြီး အခမ်းအနားဒုတိယပိုင်းတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက (သိပ္ပံနည်းပညာသီချင်းဖြင့်) ကြိုဆိုနှုတ်ခွန်းဆက် သီဆ်ိုဖျော်ဖြေပေးကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က Polytechnic University (Panglong) ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အမှာစကားပြောကြားရာ Polytechnic University ဆိုသည်မှာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာပညာရပ်များ (STEM)နှင့် အသုံးချသိပ္ပံ၊ စီးပွားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာအဆင့်မြင့်ပညာရပ်များအား ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများ အထိ လက်တွေ့ကျသောလေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင့်နှင့်ချိတ်ဆက် သင်ကြားပို့ချပေးသော တက္ကသိုလ်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ Polytechnic University (Panglong)အဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ခြင်းသည် ဒေသခံပြည်သူများ၏ လူ့စွမ်းအားအရင်းအမြစ် များအား ယနေ့ခေတ်ကာလနှင့် အညီအဆင့်မြင့်နည်းပညာရပ်များ ပိုမိုလေ့လာသင်ယူနိုင်မည် ဖြစ်ကြောင်း၊ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဓိကမောင်းနှင်အားဖြစ်သည့် အသေးစားအငယ်စား၊ အလတ်စား(MSME) လုပ်ငန်းများအတွက် လိုအပ်သည့်နည်းပညာဘာသာရပ်များ ပိုမိုသင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း၊ နည်းပညာလွှဲပြောင်းပေးခြင်းများ ပိုမိုဆောင်ရွက်နိုင်စေမည် ဖြစ်ပါကြောင်းနှင့် ဒေသအကျိုးပြုတက္ကသိုလ်မှ နိုင်ငံအကျိုးပြုတက္ကသိုလ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် Polytechnic University (PangLong)သည် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်များဖြစ်သည့် လွိုင်လင်မြို့၊ ပင်လုံမြို့၊ လဲချားမြို့အစရှိသည့် မြို့နယ်များအားလုံးမှ တိုင်းရင်းသားမိဘပြည်သူများ၏ ရင်သွေးကျောင်းသား၊ ကျောင်းသူများသာမက နိုင်ငံတဝှမ်းလုံးရှိကျောင်းသား၊ ကျောင်းသူများအားလုံး တက်ရောက် သင်ကြားခွင့်ရရှိသော တက္ကသိုလ်တစ်ခုဖြစ်ပါကြောင်း၊ ဒေသအကျိုးပြုထူးချွန်ထက်မြတ်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်နှင့် ဒေသစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးဦးတည်၍ အဆင့်မြင့်ပညာရပ်များဖြစ်သည့် အင်ဂျင်နီယာ၊ ကွန်ပျူတာနည်းပညာများ၊ အဆင့်မြင့်သုတေသနများ အမြဲမပြတ်ဆောင်ရွက်နိုင်ပြီး သင်ကြားရေးနှင့်လက်တွေ့လုပ်ငန်း နယ်ပယ်များတွင် နိုင်ငံတော်မှအားကိုးအားထားပြုရသော စံပြတက္ကသိုလ်တစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများမှ တိုင်းရင်းသားပေါင်းစုံအက၊ ရှမ်းတိုင်းရင်းသား ရိုးရာအကပအိုဝ်းတိုင်းရင်းသားရိုးရာအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးအောင်အောင်က တက္ကသိုလ်ဖွံ့ဖြိုးဆောင်ရွက်ရန်အတွက် ထောက်ပံ့ငွေကျပ်သိန်း (၁၀၀) ပေးအပ်ရာ တက္ကသိုလ်တာဝန်ရှိသူများမှ လက်ခံရယူ၍လည်းကောင်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းက အကအဖွဲ့အားလုံးကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ အကအဖွဲ့များမှလက်ခံရယူကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသော Project များအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့