ပလောင်
တအာင်း(ပလောင်)တိုင်းရင်းသားလူမျိုးများမှာ မွန်ခမာအုပ်စုဝင်ဖြစ်ပြီး ယင်းတို့နှင့် အနွယ်တူများမှာ ယမ်းလမ်၊ ယင်း၊ ဝ၊ လ၊ လဝများဖြစ်ကြသည်။ ပလောင်ဟူသောဝေါဟာရမှာ မြန်မာအခေါ်ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်၊ မန်တုံမြို့နယ်တို့တွင် အများအပြားနေထိုင်ကြသည်။ ထို့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် ပျံ့နှံ့စွာနေထိုင်ကြသည်။ တအာင်း(ပလောင်)တိုင်းရင်းသားလူမျိုး များသည် ဗုဒ္ဓဘာသာကို အများဆုံးကိုင်းရှိုင်းကိုးကွယ်ကြသည်။ တအာင်း(ပလောင်)တိုင်းရင်းသား များမှာ ပိန်းဥ၊ မြောက်ဥ၊ ဟင်းသီးဟင်းရွက်၊ ပြောင်း၊ အာလူးတို့ကို ကိုယ်တိုင်စိုက်ပျိုးစားသုံးကြ သည်။ တအာင်း(ပလောင်)တိုင်းရင်းသားများ၏ ရိုးရာတူရိယာများမှာ အိုးစည်၊ မောင်း၊ လင်းကွင်း တို့ဖြစ်ကြသည်။ ထင်ရှားသည့် ရိုးရာအကများမှာ မင်္ဂလာအိုးစည်အက၊ ဓားသိမ်းအက၊ မီးအက များ ဖြစ်ကြသည်။ နေနဂါး၏ကျောက်စာတိုင်မှာ ထင်ရှားသည်။ ပလောင်ဒေသ၏ အဓိက ထွက်ကုန်မှာ လက်ဖက်ခြောက်ဖြစ်သည်။