ကိုးကန့်
ကိုးကန့်ဟူသော ဝေါဟာရ၏အဓိပ္ပာယ်မှာ ရဲရင့်သူများနေထိုင်ကြသော စိမ်းလန်းသာယာ သည့်ဒေသဟု အဓိပ္ပာယ်ရသည်။ ကိုးကန့်လူမျိုးတို့သည် တရုတ်လူမျိုးတို့မှ ဆင်းသက်လာပြီး အေဒီ(၁၈)ရာစုတွင် ရှမ်းပြည်နယ်၌အခြေချနေထိုင်ခဲ့ကြသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖြစ်သော ကုန်းကြမ်းနှင့် လောက်ကိုင်မြို့နယ်တို့တွင် အများဆုံးနေထိုင်ကြသည်။
ဟင်းသီးဟင်းရွက်၊ ပဲ၊ မုန်လာ၊ မုန်ညင်းအမျိုးမျိုးတို့ကို အဓိကစားသုံးကြသည်။ ဝက်သား ခြောက်၊ ကြက်သားခြောက်များ ပြုလုပ်သိုလှောင်ကြသည်။ ကော်စီးခေါ် မီးအိုးဟင်းမှာ အကောင်း ဆုံးဖြစ်သည်။ လက်ဖက်ရည်ကြမ်းကို တစ်ချိန်လုံးသောက်ကြသည်။ ကိုးကန့်လက်ဖက်ခြောက်မှာ လူကြိုက်များပြီး နာမည်ကျော်ကြားသည်။ ကိုးကန့်အမျိုးသားတို့သည် သုံးကြိုးတပ်ဘင်ဂျို၊ အုန်းမှုတ်ခွက်နှင့်တယော၊ ဝါးနှင့်လုပ်သော လျှာခင်ပုလွေများကို တူရိယာပစ္စည်းများအဖြစ် သုံးကြ သည်။ တေးသီချင်းများမှာ ရှေးရိုးရာသီချင်းကြီးများ၊ တောင်သူလယ်သမားများ၊ တောင်ယာ လုပ်ငန်းခွင်တွင် သီဆိုသောသီချင်းနှင့် အပျို၊ လူပျိုပိုးပန်းရင်း သီဆိုသောသီချင်းများဖြစ်သည်။ ကိုးကန့်ဒေသသည် တောတောင်ထူထပ်သည်။ စိုက်ပျိုးရေးအနေဖြင့် ရာဘာ၊ လိုင်ချီး၊ သရက်၊ သစ်တော်များကို စိုက်ပျိုးကြသည်။