တောင်ကြီး ဇွန်-၂၀

ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက် ကောက်ယူခြင်းလုပ်ငန်း စတင်ဆောင်ရွက်သည့်အခမ်းအနားကို ဇွန်(၂၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အတွင်းရှိ ပထမဦးတည်အုပ်စုဖြစ်သည့် ဝန်ထမ်း နှင့် ဝန်ထမ်းမိသားစုများ တက္ကသိုလ်အပါအဝင် (၁၀)နှစ်အထက် ကျောင်းသားကျောင်းသူများ ပုဂ္ဂလိကဘဏ် နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ထမ်းများ၊ အကျဉ်းထောင်၊ အချုပ်ထောင်မှ အကျဉ်းသူ အကျဉ်းသားများ၊ သာသနာ့ဝန်ထမ်းများအား Biometric အချက်အလက် ကောက်ယူရေးပြီး ဂဏန်း(၁၀)လုံးပါသည့် Unique ID (UID) နံပါတ်(၁)ခုစီပေးကာ Digital စနစ်ဖြင့် အချက်အလက်များအား မှတ်ပုံတင်သည့် Data base အတွင်း ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ Biometric အချက်အလက်များဖြစ်သည့် လက်ဗွေ၊မျက်နှာသွင်ပြင်၊ မျက်လုံးသူငယ် အိမ်တို့နှင့် Biographic အချက်(၆)ချက်ဖြစ်သည့် (အမည်၊ အသက်၊ လိင်၊ ကိုင်ဆောင်သည့် ကတ်ပြားအမှတ်၊ လက်ရှိ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ E-mail) စသည့်အချက်အလက်များကို Digital System ဖြင့် Enrollment Device စက်ပစ္စည်းများကို အသုံးပြု ကောက်ယူသွားမှာ ဖြစ်ကြောင်းနှင့် Biometric Data ကောက်ယူခြင်း လုပ်ငန်းအား ၂၀၂၃ခုနှစ် ဇွန်လ(၂၀)ရက်နေ့မှစ၍ ရှမ်းပြည်နယ်အတွင်း စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ Biometric Enrollment and UID Management System အသုံးပြု၍ အချက်အလက်များ ကောက်ယူရေးလုပ်ငန်း စတင်ဆောင်ရွက်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ပြည်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ကို ဆောင်ရွက်ပေးကြောင်း သိရှိရသည်။ရှမ်းပြည်နယ်အစိုးရအဖွဲ့