ဟိုမိန်း ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ဟိုမိန်းမြို့တိုက်နယ်ဆေးရုံတွင်ပြည်သူများအားတီဘီရောဂါ ရှိ/မရှိ ရှာဖွေ စမ်းသပ်ကုသပေးခြင်းကို ဒီဇင်ဘာ၄ရက်နေ့ နေ့လည်၁၂နာရီမှစတင်၍ ညနေ၅နာရီအထိ ဟိုမိန်းမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများအား အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တီဘီရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာအိအိချော ဦးဆောင်သောအဖွဲ့နှင့် ဟိုမိန်းတိုက်နယ်ဆေးရုံမှဆရာဝန်ကြီး ဒေါက်တာစိုင်းရွက်ခေးနှင့်အဖွဲ့တို့ပူးပေါင်း၍ တီဘီရောဂါရှာဖွေကုသရေးအတွက် Digital Portable X-ray ဖြင့် ရင်ခေါင်းဓါတ်မှန်ရိုက်ခြင်း၊ သလိပ်ပိုးစစ်ဆေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်းများကို ပြည်သူများအား အခမဲ့ဆောင်ရွက်ပေးသည်။
အဆိုပါ တီဘီရောဂါရှာဖွေကုသပေးခြင်းကို ဟိုမိန်းမြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာမှပြည်သူများအား ဒီဇင်ဘာ၄ရက်နေ့မှ ၅ရက်နေ့အထိ အခမဲ့ကွင်းဆင်းစမ်းသပ်စစ်ဆေးပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး