ဟိုပုံး ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ဟိုပုံးမြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီအချိန်က သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးတွင် ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွာရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ရှမ်းပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် မြို့မိမြို့ဖ ဦးခွန်မောင်ဖြူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ မီးပုံးအကအလှများဖြင့် ကပြဖျော် ဖြေသည်။
ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများ မီးပုံးပျံအငယ်များ လွှတ်တင်ပူဇော်ခဲ့ကြသည်။ ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွာရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ရှမ်းပြည်နယ် ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်တာဝန်ရှိသူများက သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးကို ရတနာဒီပံဆီမီးထွန်းညှိပူဇော်ခဲ့ကြသည်။ ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွာရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က မီးပုံးအက အလှများဖြင့် ကပြဖျော်ဖြေသည့် ကျောင်းသားကျောင်းသူ များအား ဆုတော်ငွေချီးမြှင့်ခဲ့သည်။
၎င်းနောက် စိန်နားပန်မီးပုံးပျံနှင့် ညမီးကြီးမီးပုံးပျံလွှတ်တင်ပူဇော်ခဲ့ကြပြီးနောက် ဟိုပုံးမြို့ရှိ အနောက်ရပ်ကွက်၊ တုံခမ်းရပ်ကွက်၊ ရန်ကင်းကျေးရွာ၊ ဖာလိုင်ကျေးရွာတို့မှ မီးပဒေသာလှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဟိုပုံးတန်ဆောင်တိုင် မီးထွန်းပွဲ တော်ကို ဒီဇင်ဘာလ (၁)ရက်နေ့မှ ဒီဇင်ဘာလ(၅)ရက်နေ့ထိ မီးပုံးပျံငယ်၊ ညမီးကြီးမီးပုံးပျံနှင့် မီးပဒေသာလှည့်လည်ပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး