လွိုင်လင် ဒီဇင်ဘာ၂
၂၀၂၃ခုနှစ် ဒီဇင်ဘာလ ပထမဆုံးပတ် လူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂)ရက် နံနက်(၅)နာရီခွဲက လွိုင်လင်မြို့တွင် စုပေါင်းလမ်းလျှောက်ပြီး အားကစားကွင်း၌ သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်ပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ညိုညိုခင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ များ၊ ပြည်သူများ စုစုပေါင်းအင်အား ၄၂၀ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး