တောင်ကြီး ဒီဇင်ဘာ-၂
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ပထမဆုံးပတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ(၂)ရက် နံနက်(၆)နာရီက တောင်ကြီးမြို့၊ စူဠာမုနိဘုရား အနီးရှိ လမ်းဆုံမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လျှောက်လာကြပြီး ပြည်နယ်အားကစားကွင်း၌ သွေးပူ လေ့ကျင့်ခန်း ပြုလုပ်ကြောင်း သိရသည်။
အဆိုပါလူထု စုပေါင်းလမ်းလျှောက်ခြင်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က တာလွှတ်ပေးပြီး စူဠာမုနိဘုရားမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လမ်းလျှောက်ကြ၍ ပြည်နယ်အားကစားကွင်း၌ ကိုယ်လက် သွေးပူလေ့ကျင့်ခန်း အတွဲ(၁) အမှတ်(၂) ပြုလုပ်ကြပြီး အကြောဖြေ လေ့ကျင့်ခန်းများ ဆောင်ရွက်ကြသည်။
ဒီဇင်ဘာ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပေဒချုပ်၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီး ပညာရေး ဒီဂရီကောလိပ်မှ ဆရာ၊ဆရာမများ၊ အားကစားနှင့် ကာယပညာ(သိပ္ပံ)မှ ကျောင်းသား၊ ကျောင်းသူများ၊ မြို့ပေါ် (၂၂) ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများ ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တစ်ပျော်တစ်ပါး အင်အားကိုးထောင်ကျော် ပါဝင်လမ်းလျှောက်ကြပြီး အားကစားပြိုင်ပွဲများ ကျင်းပ၍ ကံစမ်းမဲများ ဖေါက်ပေးကာ ဆုမဲပေါက် သူများအား ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး