ဆီဆိုင် နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသော အဖွဲ့များအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ(၃၀)ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်ရဲထွေးက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသော အဖွဲ့များအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆန်(၂၄)ပြည်ပါ(၁၁၁)အိတ် တို့ကို ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသော အဖွဲ့များထံသို့ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆီဆိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသော အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး