မိုးမိတ် နိုဝင်ဘာ ၂၉ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်သည် စပါးသီးနှံကို အဓိကစိုက်ပျိုး သည့်မြိုနယ်ဖြစ်ပြီး ဆင်းဧကရီ ၃ စပါးကို အဓိကထားစိုက်ပျိုး ထုတ်လုပ်လျှက်ရှိ ရာ နိုဝင်ဘာလ အစောပိုင်းမှစတင်၍ ရိတ်သိမ်းကြကြောင်းသိရသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ၁၉၈၁ ခုနှစ်နှင့် ၁၉၈၂ ခုနှစ်များတွင် စပါးမျိုး (၁၂) မျိုးအား မိုးမိတ်မြို့နယ်အတွင်းရှိ လယ်ကြီး၊ ရွှေဇာလီ၊ ညောင်ပင်စောက်၊ မကျည်းပင်၊ လက်ခုပ်ပင်ကွင်းများတွင် မျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ခင်းများ ဆောင်ရွက်ခဲ့ရာမှ ဆင်းဧကရီ -၃ စပါးသည် အထွက်နှုန်း ၊ အရည်အသွေးနှင့် စားသုံးမှုကောင်းမွန်သဖြင့် ၁၉၉၀ ခုနှစ်နောက်ပိုင်းမှစ၍ ယနေ့အချိန်ထိ မိုးမိတ်ဒေသတွင် ဆင်းဧကရီ – ၃ စပါးမျိုးကို အဓိကထား စိုက်ပျိုးထုတ်လုပ်လာကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
မိုးမိတ်မြို့နယ်တွင် စပါးသီးနှံစုစုပေါင်း စိုက်ဧက (၁၇,၅၁၇ ) ဧက စိုက်ပျိုးလျက်ရှိပြီး မိုးမိတ်မြို့နယ်သည် လယ်ယာလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကြောင်းပြုလျှက်ရှိရာ မိုးမိတ်ဒေသထွက် ဆင်းဧကရီ – ၃ (ရှမ်းဆန်) ကို နိုဝင်ဘာလ အစောပိုင်းမှ စတင်၍ ရိတ်သိမ်းလျှက်ရှိရာ ရိတ်သိမ်းချွေးလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း ၊ လူဖြင့်ရိတ်၍ စက်ဖြင့်ချွေလှေ့ခြင်းစသည့် အဆင်ပြေရာဖြင့် ရိတ်သိမ်းလျှက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး