တောင်ကြီး နိုဝင်ဘာ-၂၇
တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် အဖိတ်နေ့ နိုဝင်ဘာ(၂၆)ရက်တွင် မြို့လုံးကျွတ် စုပေါင်းမဟာ ဘုံကထိန် လှည့်လည်ကြပြီး ဆဋ္ဌမမြောက် ညတွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် ညမီးကြီး စိန်နားပန်မီးပုံးပျံ၊ ယမ်းမီးကြီးမီးပုံးပျံပြိုင်ပွဲနှင့် ခေတ်ပေါ်တေးဂီတ တီးဝိုင်းဖြင့် ရုပ်ရှင်နှင့်သရုပ်ဆောင်၊ ဒေသခံ အဆိုတော်များဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ဒေသခံပြည်သူများ၊ ရပ်နီး/ရပ်ဝေးဧည့်သည်တော်များ၊ ပွဲတော်လာ ပရိတ်သတ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကွင်းလုံးပြည့်လျှံ အင်အား(၆)သိန်းကျော် လာကြည့်ရှု အားပေး ကြကြောင်း သိရသည်။
နိုဝင်ဘာ(၂၆)ရက်နေ့တွင် နေ့လွှတ်အရုပ် ခြေ(၂)ချောင်း(၆)လုံး၊ ခြေလေးချောင်း(၂)လုံးနှင့် အရုပ်အုပ်စု(၂)လုံး၊ ညမီးကြီး စိန်နားပန်(၅)လုံး၊ ညမီးကြီး ယမ်းမီး(၂၂)ပေ(၄)လုံး၊ (၂၅)ပေ(၂)လုံး ပါဝင်ယှဥ်ပြိုင် လွှတ်တင်ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး