အေးသာယာ နိုဝင်ဘာ-၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇတရေးရာဝန်ကြီး ၊နည်းပညာတက္ကသိုလ် (တောင်ကြီး) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ(၁၈)ရက် နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(တောင်ကြီး)ရှိ ဝန်ထမ်းများ၊ လမ်းဒီဇိုင်းရေးဆွဲနေသော ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် နည်းပညာတက္ကသိုလ် (တောင်ကြီး) ပါမောက္ခချုပ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းများ ဖွင့်လှစ်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် လမ်းဒီဇိုင်းရေးဆွဲနေသော ကျောင်းသား၊ ကျောင်းသူများမှ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအေနေအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က နည်းပညာ တက္ကသိုလ် (တောင်ကြီး)ရှိ ဝန်ထမ်းများနှင့် လမ်းဒီဇိုင်းရေးဆွဲနေသော ကျောင်းသား၊ ကျောင်းသူများအား
အမှာစကားပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများမှ ပြည်ထောင်စုဝန်ကြီးထံ တင်ပြလိုသည်များ ရှင်းလင်းတင်ပြကြ၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူတို့က ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး