တောင်ကြီး နိုဝင်ဘာ-၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း) မြန်မာ့သစ်လုပ်ငန်းမှ အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲကို နိုဝင်ဘာ(၁၆)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ကမ္ဘောဇလမ်း၊ ရေအေးကွင်းရပ်ကွက် မြန်မာ့သစ်လုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာရုံး၌ ကျင်းပသည်။
တင်ဒါဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇတရေးရာဝန်ကြီး ဦးစိုင်းလိတ်က အဖွင့်အမှာစကား ပြောကြားကြောင်း သိရသည်။
မြန်မာ့သစ်လုပ်ငန်း၊ ရှမ်းပြည်နယ် (အရှေ့/တောင်)တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် သစ်မာတန်(၅၀၀)အား ပင်လောင်းမြို့နယ် ပေါင်းလောင်းကြိုးဝိုင်း သစ်ကွက်အမှတ် (၁၁၄၊၁၄၆၊ ၁၅၀) အတွင်းမှ တပ်ကုန်းမြို့နယ်ရှိ ကင်းသာသစ်ဆိပ်သို့ (၁)တန်အရောက် စျေးနှုန်းဖြင့် ကားတိုက်ဝန်ဆောင်မှု လုပ်ငန်း သစ်မာ(၆၀၀၀)အား ရပ်စောက်မြို့နယ် နောင်ဝိုးကြိုးဝိုင်း အတွင်းမှလည်းကောင်း၊ သစ်မာ(၉၀၀၀)အား မိုင်းကိုင်မြို့နယ် မိုင်းယွန်း/ မိုင်းလန်းကြိုးဝိုင်း အတွင်းမှလည်းကောင်း၊ ရပ်စောက်မြို့ရှိ မွေတော်သစ်ဆိပ်သို့ (၁)တန်အရောက် စျေးနှုန်းဖြင့် လမ်းဖောက်၊ သစ်တိုက်၊ သစ်တင်/ ချ ဝန်ဆောင်မှု လုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားပြီး ယနေ့အခမ်းအနားတွင် အိတ်ဖွင့်တင်ဒါ ကျင်းပကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး