မက်မန်းခရိုင် နိုဝင်ဘာ၂၀
(၃၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် မဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို မက်မန်းခရိုင်၊ မက်မန်းမြို့တွင် နိုဝင်ဘာ(၂၀)ရက် နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်၊ ပညာဒီပဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ခရိုင်ထွေ/အုပ်ရုံးရှေ့မှ ပဒေသာပင် (၂၄)ပင်အား စီတန်းလှည့်လည်၍ ပညာဒီပဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ခဲ့ပြီး မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကျင်းပသည်။ ပညာဒီပဘုန်းတော်ကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တစန္တာသိရီနှင့် ဆရာတော် သံဃာတော်များ၊ တက်ရောက် လာသော ဧည့်ပရိတ်သတ်များမှ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြရာ ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်နာယူခြင်း၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရွှေမိုးငွေမိုးများရွာသွန်းကာ အခမ်းအနား ရုပ်သိမ်းခဲ့သည်။ ပညာဒီပကျောင်းတိုက်၌ ဆရာတော်များနှင့် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ကျွေးမွေး ဧည့်ခံ၍ အခမ်းအနားသို့ ခရိုင်အစိုးရအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့်ဇနီး၊ ခရိုင်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၁၀၁၀)နယ်ခြားစောင့်တပ် တပ်မှူး ဗိုလ်မှူးစိုင်းယီနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အစိုးရအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင် နှင့်ဇနီး၊ မြို့နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရတခလရ(၂၂၅)မှ အရာရှိနှင့် စစ်သည်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံအလှူရှင်များ စုစုပေါင်းအင်အား (၅၄၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
ထို့နောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကထိန်သင်္ကန်းနှင့် ငွေပဒေသာပင် (၂၄)ပင်(ငွေသားတန်ဖိုး-၁၆၃၈၆၀၀ဝိ/-၊ ပစ္စည်းတန်ဖိုး-၅၉၈၅၆၀ဝိ/-) ၊ အာရုဏ်ဆွမ်း နှင့်နေ့ဆွမ်း အလှူငွေ – ၃၇၃၁၀၀ဝိ/-၊ ရွှေမိုးငွေမိုး ရွာသွန်းခြင်းငွေ-၃၀၀၀၀ဝိ/-) စုစုပေါင်းတန်ဖိုးငွေကျပ်(၂၆၄၀၂၆၀ဝိ/-) (ကျပ်နှစ်ရာခြောက်ဆယ့် လေးသိန်းနှစ်ထောင် ခြောက်ရာကျပ်တိတိ)အား လှူဒါန်းခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး