ဟိုပုံး နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တတိယအကြိမ်မြောက် နာဂပုရ သာသနာလင်္ကာရအသင်းမှ ကြီးမှူး ကျင်းပသည့် နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သည့် သံဃာများနှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုဝင်ဘာလ(၁၈)ရက် နံနက် ၉ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်နှင့် ဇနီး ဒေါ်တင်တင်ဝင်း၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဇနီး‌ ဒေါ်မြတ်ခင်မော်၊ တပ်မတော်ကွန်တပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက နာဂပုရသာသနာ လင်္ကာရသာမဏေ ကျော်အသင်းမှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သည့် ရဟန်း၊ သာမဏေနှင့် သီလရှင် စုစုပေါင်း(၉၄၀) ပါး တို့ကို ဆွမ်းဆန်နှင့် လှူဖွယ်ပစ္စည်များ လောင်းလှူခဲ့ကြကြောင်းသိရသည်။ ထို့နောက် နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်နှင့် ဇနီး ဒေါ်တင်တင်ဝင်း၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင် နှင့်တာဝန်ရှိသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြ သည်။ ဆက်လက်၍ အခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားတွင် ဩဝါဒစရိယ ဆရာတော်၊ ဥက္ကဋ္ဌ ဆရာတော်များအား ပင့်လျှောက် ပြီးနောက် ပအိုဝ်းဝိဿခါ ဓမ္မစင်္ကြာဝတ် အဖွဲ့မှ နတ်၊ ဗြဟ္မာများဖိတ်ကြား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်နှင့် ဇနီး ဒေါ်တင်တင်ဝင်း၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ အဆင့်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများ၊ ဧည့်ပရိတ်သတ်အပေါင်းတို့မှ နာဂပုရသာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲ အသင်း ဥက္ကဋ္ဌ ဆရာတော်၊ ဟိုပုံးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ တုံခမ်း ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဦးအာလောကထံမှ သရဏဂုံ(၃) ပါးနှင့် ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် နာဂပုရသာသနာလင်္ကာရ သာမဏေကျော် စာမေးပွဲ အသင်းမှ ကြီးမှူးကျင်းပသော နာဂပုရသာသနာလင်္ကာရသာမဏေကျော်ဘွဲ့ရ အထူးအောင် သံဃာတော်နှင့် သီလရှင် စုစုပေါင်း(၁၀၄)ပါးတို့အား ပအိုဝ်းဝိဿာခါ ဓမ္မစင်္ကြာအသင်းမှ (၈)လုံးဘွဲ့ ကဗျာဖြင့် ပူဇော်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်နှင့် ဇနီး၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း‌ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ နာဂပုရသာသနာ လင်္ကာရ သာမဏေကျော်အသင်းနှင့် ဒါယိကာ၊ ဒါယိကာမများက နာဂပုရသာသနာလင်္ကာရ သာမဏေ ကျော်ဘွဲ့ရ အရှင်သူမြတ် များအား ဘွဲတံဆိပ်တော်များဆက်ကပ်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင်က သာသနာရေးဆိုင်ရာကိစ္စ၊ ကျေးဇူးတင်စကားနှင့် တောင်းပန် စကား ပြောကြားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနား ကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆို၍ စာအောင်ဆု နှင်းသဘင်အခမ်းအနား ပြီးမြောက်ခဲ့ ကြောင်းသိရသည်။
ဟိုပုံးမြို့ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့မှ (၃)ရက်နေ့အထိ ကျင်းပခဲ့သည့် နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များ လာရောက်ဖြေဆိုခဲ့ရာ မူလတန်းအဆင့်တွင် (၃၅၉)ပါးဖြေဆိုရာ (၁၂၇)ပါးအောင်မြင်ခဲ့ပြီး ပထမ အဆင့်တွင် (၉၉၇)ပါးဖြေ ဆိုရာ (၅၃၈)ပါးအောင်မြင်ခဲ့ပြီး၊ ဒုတိယအဆင့်တွင် (၃၈၂)ဖြေဆိုခဲ့ရာ (၁၃၅)ပါး အောင်မြင်၍ တတိယ အဆင့်တွင် (၃၄၈)ပါးဖြေဆိုရာ (၉၅)ပါး အောင်မြင်ခဲ့ပြီး နာဂပုရသာသနာလင်္ကာရ ဘွဲ့(၉၅)ပါး ရရှိခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး