ပင်လောင်း နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂ မီနီ(၆)လနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို နိုဝင်ဘာလ(၁၅)ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ Community Centre ခန်းမတွင် ပြုလုပ်သည်။
အစည်းအဝေးတွင် သဘာပတိ ဦးစိုင်းနော်ခမ်း(မြို့နယ် သမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌ)က အဖွင့်အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်း/ အရှေ့ပိုင်း သမဝါယမအသင်းစုချုပ်လီမိတက် ဥက္ကဋ္ဌ ဒေါ် သန်းညိုက သမဝါယမအသင်းမှ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှမြင့်က သမဝါယမလုပ်ငန်းဆိုင်ရာအကြောင်းများကို ဆွေးနွေး ပြောကြားခဲ့ကြသည်။
ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁-၂၀၂၂ မီနီ(၆)လ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းအစီရင်ခံစာများ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်ကို အသင်းစုဒါရိုက်တာအဖွဲ့ဝင်များက အသီးသီးဖတ်ကြားခဲ့ကြပြီး၊ အသင်းစုဒါရိုက်တာအဖွဲ့ဝင်များ ဖတ်ကြားခဲ့ကြသည့် လုပ်ငန်းအစီရင်ခံစာများ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်ကို ဆုံးဖြတ်အတည်ပြုပေးခဲ့ကြောင်း၊ယင်းနောက် သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး