တောင်ကြီး နိုဝင်ဘာ-၁၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၁၁)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ ထီသိမ်ဘူတာ၊ ဘဝ သံသရာကွေ့ရထားလမ်း၊ ရေထွက်ဦး ရထားလမ်းနှင့် တောင်ကြီးဘူတာရှိ ရထားလမ်းဘေးရှိ ချုံ၊နွယ်၊ မြက်များ၊ သစ်ကိုင်း၊သစ်ခက်များကို ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ဒေသခံပြည်သူများမှ စုပေါင်းသန့်ရှင်းဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး