ဟိုပုံး နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစံပြကွက်၊ စံကွက်ရိတ်သိမ်းခြင်းကို နိုဝင်ဘာလ(၈)ရက်နေ့ က ဟိုပုံးမြို့၊ မြို့မအုပ်စု၊ လေးအိမ်ကုန်းရွာမကွင်း၊ တောင်သူ ဦးဇော်ဌေး ကွင်းအမှတ်-၁၂ ၌ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းခြင်းကို မြို့မအုပ်စု၊ လေးအိမ်ကုန်းရွာမကွင်း၊ ကွင်းအမှတ်-၁၂၊ ဦးပိုင်အမှတ် ၂၄ ဧရိယာ (၁.၇၈)ဧကရှိ တောင်သူ ဦးဇော်ဌေး၏ လယ်မြေတွင် (၀.၀၀၁)အရွယ် ရွှေရင်အေးအထွက်ကောင်းမျိုးစပါးရိတ်သိမ်းရာ တစ်ဧကအခြောက်ထွက် တင်း (၁၂၀.၈၂) တင်း ထွက်ရှိကြောင်းသိရသည်။ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးတို့မှ ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများကအနီးကပ်ကြီးကြပ်ခဲ့ကြပြီး ရွှေရင်အေး အထွက်ကောင်းမျိုးသန့်မိုးစပါးစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းစားသုံးမှုဖူလုံရေးနှင့် တစ်ဧက အထွက်နှုန်းတိုးတက်မြင့်မားရေး၊ တောင်သူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်၍ စပါးသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြစိုက်ခင်းများအား တစ်ဧကလျှင် MPE ပုလဲမြေဩဇာ(၁)ပိဿာ နှုန်းအခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်း၍ စံပြစိုက်ခင်းများ ဖော်ဆောင်ပြီး သီးနှံအောင်မြင်ဖြစ်ထွန်းမှုအခြေအနေကို တောင်သူများအား လက်တွေ့ပြသ ခြင်း၍ နည်းပညာပေးကာစိုက်ခင်းတည်ထောင်ဖြန့်ဖြူးပေးခဲ့ခြင်းကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး