နောင်တရား နိုဝင်ဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ အများပြည်သူ သောက်ရေ၊ သုံးရေ အဖြစ် အသုံးပြုနေသည့် နောင်တရားဆည်၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ နိုဝင်ဘာလ(၁)ရက် နံနက် ၈ နာရီတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။
သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုနေသည့် နောင်တရားဆည် ဘေးပတ်ဝန်းကျင်၌ သန့်ရှင်းသာယာလှပရေးအတွက် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းကို နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မိုင် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းလူဦးရေ(၃၀၀)ဦးခန့် ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။ အဆိုပါ နောင်တရားဆည်မှ နောင်တရား မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သောက်သုံးရေအဖြစ် သွယ်တန်းအသုံးပြုခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး