မဘိမ်း အောက်တိုဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်း စားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား အောက်တိုဘာလ(၂၃)ရက် နံနက် ၈ နာရီအချိန်မှစတင်ပြီး ပင်စင်လစာငွေများ ပုံမှန် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ထုတ်ပေးရာတွင် မဘိမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အငြိမ်းစားနိုင်ငံ့ဝန် ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား မိမိကိုယ်တိုင်သော်လည်း ကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၄င်း တို့၏မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်းနှင့် မဘိမ်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း၂၉၄ ဦးရှိပြီး အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ပင်စင်စားများ အား အဆင်ပြေစေရေးအတွက် မဘိမ်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာ ၂၁ ရက်မှ စတင်ထုတ်ပေးလျက်ရှိပြီး ကျန်ရက်များတွင်လည်း နံနက် ၈ နာရီမှ ဘဏ်ဖွင့်ချိန်အတွင်း ပုံမှန် ထုတ်ပေးလျက်ရှိကြောင်း မဘိမ်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မန်နေဂျာထံမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး