မဘိမ်း အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများနှင့် ဝန်ထမ်းများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အောက်တိုဘာ(၂၁)ရက် နံနက်(၈)နာရီက အမှတ်(၃)၊ အခြေခံပညာမူလတန်းကျောင်း၌ စုပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟိန်းသူဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က အမှတ်(၃)၊ အခြေခံပညာမူလတန်း ကျောင်း အတွင်းအပြင်ရှိ အမှိုက်များနှင့် ပေါင်းမြက်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများနှင့် ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို စုပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး