ပင်လောင်း အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၌လမ်းဦးစီးဌာနမှမော်တော်ယာဉ်မောင်းနှင်များအတွက် ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းများသိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို အောက်တိုဘာလ(၂၁)ရက် နံနက်ပိုင်းတွင် ပင်လောင်းမြို့အဝင်ဂိတ် မိုင်တိုင် ၄၁/၀တွင်ဆောင်ရွက်ခဲ့သည်။
လက်ကမ်းစာစောင်တွင် လမ်းမကြီးတွင်လိုက်နာရမည့်စည်းကမ်းချက်များ၊ ယာဉ်မောင်းနှင်စဉ်လိုက်နာရမည့်အချက်များ၊ အရှိန်နှုန်းသတ်မှတ်ချက်များ၊ လမ်းစည်းကမ်းများ ပါဝင်သည်။
လက်ကမ်းစာစောင်ဖြန်ဝေမှုအား ဆောက်လုပ်ရေးဝန်ကြီး ဌာန၊တောင်ကြီးခရိုင်လက်အောက်ရှိ လမ်းဦးစီးဌာန ပင်လောင်းမြို့မှ ဦးစီးအရာရှိ ဒေါ်ထွေးထွေးဝင်း၊ငယ်/ယာ(၂) ဦးစန်းယုနှင့် ဝန်ထမ်းများက စက်တပ် မော်တော်ယာဉ်မောင်းများ မှယာဥ်စည်းကမ်း၊လမ်းစည်းကမ်းကို သိရှိလိုက်နာဆောင်ရွက်ပြီး အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင် (၁၅၀)စောင် ကိုဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး