တောင်ကြီး အောက်တိုဘာ-၁၈
၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်ကို အောက်တိုဘာ(၁၈)ရက် နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည် ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၀ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်မှစ၍ “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့” ဆိုသည့် စကားရပ်အစား “အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှံးနိုင်ခြေ လျှော့ချရေးနေ့” အဖြစ် ပြောင်းလဲကျင်းပခဲ့ ခြင်း ဖြစ်ပါကြောင်း ၊ ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်မှာ “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ ၊ မညီမျှမှုတွေတိုက်ဖျက်စို့ “ “Fighting Inequality for A Resilient Future” ဖြစ်ပြီး သဘာဝဘေးဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင် တုံံ့ပြန် ဆောင်ရွက် နိုင်ရန် အတွက် အားနည်းချက်များကို အားသာချက် ဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြခြင်းဖြင့် မညီမျှမှုတွေ မရှိအောင် စုပေါင်းတိုက်ဖျက်ရန် သတိပေးနှိုးဆောင်ထားရှိသည့် ဆောင်ပုဒ်တစ်ခု တွေ့ရှိရမှာဖြစ်ပါကြောင်း ၊ ရှမ်းပြည်နယ် အနေဖြင့် နယ်မြေကြီးများကျယ်ပြန့်သည့် တောင်ပေါ်ဒေသ ဖြစ်သည်နှင့်အညီ မုန်တိုင်းဘေးနှင့် ဆူနာမီးဘေးမှလွဲ၍ မီးဘေး ၊ ရေဘေး ၊ လေပြင်းဘေး ၊ မြေပြိုဘေး ၊ ငလျင်ဘေးစတဲ့ ဘေးအန္တရာယ်မျိုးစုံကျရောက်နိုင်ခြေရှိသည့်အတွက် လိုအပ်သော ကြိုတင်ကာကွယ်ရေး အစီအမံများကို မျက်ခြေမပြတ် စီမံဆောင်ရွက်နေရမှာ ပြောကြားလိုကြောင်း ၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိကာလ ရှမ်းပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် အကြိမ်ပေါင်း (၁၈၁) ကြိမ် တွေ့ကြုံခဲ့ရပြီး အိမ်ထောင်စုပေါင်း (၁၇၈၂) စု ၊ လူဦးရေ (၃၃၂၂) ဦးဘေး ဒုက္ခကြုံတွေ့ခဲ့ရတာြဖစ်သည့်အတွက် ထိခိုက်ပျက်စီး ဆုံးရှုံးမှ၍များစွာနှင့် ကြုံတွေ့ခဲ့ရသည်ကို ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရဲ့ မှတ်တမ်းအချက်အလက်များအရ သိရှိရမှာြဖစ်ပါကြောင်း ၊ ရှမ်းပြည်နယ်အတွင်း ၂၀၁၆ ခုနှစ်မှစပြီး ယနေ့အထိ ဘေးအန္တရာယ်ပေါင်း (၂၂၅၅) ကြိမ်ကျရောက်ခံမှုအပေါ် နိုင်ငံတော်အနေဖြင့် ကယ်ဆယ်ရေး ပစ္စည်းနှင့် ရန်ပုံငွေစုစုပေါင်း (၃,၃၆၈.၉၈)သန်းကျော်အထိ ထောက်ပု့ပေးခဲ့သည့်အတွက် ဆုံးရှုံးနစ်မာမှုများ မဖြစ်ရအောင် သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစဉ်တွေကို ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားသည် ။
ဆက်လက်၍ ကုလသမဂ္ဂအထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Message ပြသခြင်း ၊ မညီမျှခြင်းမှသည် ညီမျှခြင်းဆီသို့စင်တင် ပြဇတ်တို တင်ဆက်ပြသခြင်း ၊ မိုခါမုန်တိုင်း တုံပြန် ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းတင် Video ပြသပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သဘာဝဘေး အသိပညာပေး ပြခန်းများကို လှည့်လှည်ကြည့်ရူ အားပေးကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး