နမ့်ခမ်း အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ပထမနှစ်ဝက်တတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ကျောင်းသားကျောင်းသူ များ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲများကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၇၂)ခု ရှိသည့်အနက် အခြေခံပညာကျောင်းများ ၌ အောက်တိုဘာလ ၁၂ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသူ ကျောင်းသားများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးနိုင်ရေးအတွက် နမ့်ခမ်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်မြို့နယ်ပညာရေးမှူး တာဝန်ခံ ဒေါ်သင်းသွယ်သွယ်ဝင်းတို့၏ ကြီးကြပ်လမ်းညွန်မှုဖြင့် မြို့နယ်တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများ၊ဆရာ၊ဆရာမများနှင့်ကျောင်းသားမိဘများက ဝိုင်း ဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်ပထမနှစ် စာမေးပွဲကိုကျင်းပလျက်ရှိရာ အခြေခံပညာအထက်တန်းဆင့် ကျောင်းသားကျောင်းသူ(၅၈၅)ဦး၊အခြေခံပညာအလယ်တန်းဆင့် ကျောင်းသားကျောင်းသူ(၂၄၁၂)ဦး၊အခြေခံပညာမူလတန်းဆင့် ကျောင်းသားကျောင်းသူ(၉၇၃၉) ဦး စုစုပေါင်း(၁၂၇၃၆)ဦး ဖြေဆိုလျက်ရှိပြီး အောက်တိုဘာလ(၂၀)ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး