နောင်တရား အောက်တိုဘာ ၁၄
ဆေးရုံပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ခြင်မှတဆင့် ကူးစက်တက်သည့် ရောဂါများမရှိစေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ ပတ်ဝန်းကျင်၌ နောင်တရားမြို့ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဗိုလ်ကြီးအာကာကျော်သူဦးဆောင်သည့် တပ်မတော်သားများ က အောက်တိုဘာလ(၁၄)ရက် နံနက် ၈ နာရီတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည်။
ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် ခြင်မှတဆင့်ကူးစပ်တက်သည့် ရောဂေါများ မဖြစ်ပါပွားစေရေးအတွက် နောင်တရားမြို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တပ်မတော်သားများ စုစုပေါင်းအင်အား(၇၅)ဦးဖြစ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများဖော်ခြင်း၊ ဆေးရုံသုံးအမှိုက်များ ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး