ပင်လောင်း အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု အသက်(၂၅)နှစ်အောက် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းနားကို အောက်တိုဘာလ(၁၂)ရက် နံနက်(၁၀)နာရီအချိန်က မြို့မအားကစားကွင်းမိုးလုံလေလုံ အားကစားရုံ တွင်ပြုလုပ်ခဲ့သည်။
ဗိုလ်လုပွဲတွင် ပွင့်ဝါအသင်းက နယ်သာယာအသင်းအား (၂၂-၂၀)မှတ်၊ (၂၁-၁၆)မှတ်ဖြင့် (၂)ပွဲပြတ် အနိုင်ရရှိ ဗိုလ်စွဲခဲ့ပြီး ဒုတိယရရှိသည့် နယ်သာယာအသင်းအား ဆုတံဆိပ်ဆွဲပြားနှင့် ငွေသားဆု ကျပ်တစ်သိန်း၊ ပထမဆုရရှိသည့် ပွင့်ဝါအသင်းအား ဆုတံဆိပ်ဆွဲပြား၊ ငွေသားဆု ကျပ်နှစ်သိန်းနှင့် ဆုဖလားတို့အား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် မြို့နယ်မှရွေးချယ်ထားသည့် အသက်(၂၅)နှစ်အောက် လက်ရွေးစင် ပိုက်ကျော်ခြင်းအသသင်းအား နိုဝင်ဘာလ (၁)ရက်နေ့မှ (၅)ရက်နေ့ တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ပြုလုပ်ကျင်းပမည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ စေလွှတ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး