နမ့်ခမ်း အောက်တိုဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊နမ့်ခမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသူ၊ကျောင်းသားများစာဖတ်ရှိန် မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားလာစေရေးအတွက် အောက်တိုဘာ(၁၂)ရက် နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကျောင်းသူ၊ကျောင်းသားအား စာဖတ်မှသာ မိမိဘဝ တိုးတက်လာမည် ဖြစ်ကြောင်း၊ စာဖတ်အားကောင်းသူများဟာ သူများထက်ကိစ္စတိုင်းကို ခေါင်းအေးအေးနှင့်ဆုံးဖြတ်ချက်မှန်ကန်စွာ ချနိုင်ပါကြောင်းနှင့်စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများအား ဟောပြောဆွေးနွေးခဲ့ပါကြောင်း သိရ သည်။
ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒုတိယဦးစီးမှူးဦးထက်မြက်သူက ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးများအကြောင်း၊လူကုန်ကူးမှုများအကြောင်း၊မသန်စွမ်းသူများ၏ အခွင့်အရေးများ အကြောင်းကို ကျောင်းသူ၊ကျောင်းသားများအား အသိပညာပေး ဟောပြောခဲ့ ကြောင်းနှင့်သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး