ဟိုပုံး အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ(၁၅)ရက်နေ့ ဟိုပုံးမြို့ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အသက်(၂၅)နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် ဟိုပုံးမြို့နယ်မှ အမျိုးသားဘောလုံးအသင်း(၇)သင်း၊ ဆီဆိုင်မြို့နယ်မှ အမျိုးသားဘောလုံးအသင်း(၃)သင်း၊ ပင်လောင်းမြို့နယ်မှ အမျိုးသားဘောလုံး အသင်း(၂)သင်း စုစုပေါင်းပြိုင်ပွဲဝင်ဘောလုံးအသင်း(၁၂)သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ကြောင်းသိရ သည်။ ပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးရခြင်းမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့ နယ်တို့မှ ဒေသခံပြည်သူများ ဘောလုံးအားကစားနည်းကို စိတ်ပါဝင်စား လာစေရန်၊ အရည်အချင်း ပြည့်ဝသည့် အမျိုးသားဘောလုံးအသင်း အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုအဆင့်အတန်းမြှင့်တင်ရေး၊ ဒေသခံပြည်သူများ ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ်ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက် လာစေရေး၊ မြန်မာ့ ဘောလုံးလောကအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်အတွက် သွေးသစ် လောင်းနိုင်မည့် မျိုးဆက်သစ် အမျိုးသားဘောလုံး အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာ စေရန်စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါဘောလုံးပြိုင်ပွဲ ကို ဟိုပုံးမြို့ မြို့မအားကစားတွင် အောက်တိုဘာလ(၁၅)ရက်နေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်သွား မည်ဖြစ်ပြီး ဘောလုံးဝါသနာရှင် ဒေသခံပြည်သူများအနေဖြင့်လာရောက်ကြည့်ရှု အားပေးနိုင် ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး