ဟိုပုံး အောက်တိုဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပပြု လုပ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ(၉)ရက် နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်က ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်တို့မှ ပြိုင်ပွဲဝင်အသင်းများ၊ ပြိုင်ပွဲပြုလုပ်မည့် အစီအစဉ် များကိုရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါဘောလုံးပြိုင်ပွဲများကျင်းပပြုလုပ်ပေးရခြင်းမှာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုအဆင့် အတန်းမြှင့်တင်ရေး၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ ဒေသခံပြည်သူများ ချစ်ခင်ရင်းနှီးမှုပိုမိုရရှိစေရန်နှင့် ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဘော လုံးပြိုင်ပွဲတွင် ဟိုပုံးမြို့နယ်မှ ဘောလုံးအသင်း(၇)သင်း၊ ဆီဆိုင်မြို့နယ်မှ ဘောလုံးအသင်း(၃)သင်း၊ ပင်လောင်းမြို့နယ်မှ ဘောလုံးအသင်း(၂)သင်း စုစုပေါင်းပြိုင်ပွဲဝင်ဘောလုံးအသင်း(၁၂)သင်းဖြင့် အောက်တိုဘာလ (၁၅)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး