တောင်ကြီး             အောက်တိုဘာ လ  ၇ ရက်

တောင်ကြီးခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နံနက် ၉ နာရီ၌ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊  စန်းစန်းဘုံကျောင်းခန်းမတွင် အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရှမ်း/တောင်)ရုံးခွဲမှ ကျင်းပပြုလုပ်သော တတိယအကြိမ်မြောက်(၂၆/၂၀၂၃) ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့်အိမ်ခြံမြေ အသိပညာပေး သင်တန်း ဟောပြောပွဲသို့ နေပြည်တော်ကောင်စီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူး၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း(ဗဟို)မှ ဒုတိယဥက္ကဋ္ဌ၊ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း
(ရှမ်း/တောင်)မှ ဒုတိယဥက္ကဋ္ဌ(၂) နှင့်အဖွဲ့ဝင်များနှင့်အတူ စုစုပေါင်းအင်အား (၂၅၀) ဦးခန့်နှင့်အတူ တက်ရောက်ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားတွင် တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားသို့တက်ရောက်လာသော တာဝန်ရှိပုဂ္ဂိုလ်များမှ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအသိပညာပေးနှင့်အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက်များ ရှင်းလင်းပြောကြားဆွေးနွေးကြပြီး အမှတ်တရ ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး