ဟိုပုံး               အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့အင်္ဂါရပ် နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးတိုအတွက် အောက်တိုဘာလ ၇ ရက်နေ့၊ နံနက် ၈ နာရီက အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းနှင့် လွယ်အွန့်ကျေးရွာအုပ်စု၊ ရွှေပြည်အောင်ချမ်းသာစေတီတော် ပရဝဏ်နှင့် ရင်ပြင်တော်တို့တွင် အမှိုက်များရှင်းလင်းခြင်း၊ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းရှိ အမှိုက်များ၊ ရှင်းလင်းခြင်းတို့ကို ဟိုပုံးတပ်နယ်ကွက်ကဲမှု အောက်ရှိ တပ်ရင်း၊ တပ်ဖွဲများမှ အရာရှိ၊ စစ်သည်၊ ရဲမေများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး ယင်းကဲ့သို မြိုအင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာ လှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ နံနက် ၉ နာရီခွဲ၌ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူး ရောင်းချပေးခြင်းကို ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ ‌ကျောင်း၊ တပ်ရင်း/တပ်ဖွဲများမှ တာဝန်ရှိ သူများ က နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာဆိုင်ရာဝန်ထမ်းများအား စားဝတ်နေရေး တစ်ဖက် တစ်လမ်းမှ အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးကို ရှေးရှု၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသ အဆင့်ရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ကြက်ဥ၊ နွားနို၊ ဒိန်ချဉ်၊ ဝက်သား၊ ကြက်သား၊ စားသောက်ကုန်ပစ္စည်းများ၊ တပ်မတော်စက်ရုံထုတ်ပစ္စည်းများနှင့် ဟင်းသီး ဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို အိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးနေမှုအား တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြကြောင်း သိရှိရသည်။


ထို့အတူ ဟိုပုံးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို  နံနက် ၈ နာရီ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီးတွင် ပြုလုပ်၍ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီး ဦးထုပ် မဆောင်းသည့် ပြည်သူများနှင့် မေးသိုင်းကြိုး တပ်ဆင်ခြင်းမရှိသည့် ပြည်သူများအား ဆိုင်ကယ်စီး ဦးထုပ်များကို စနစ်တကျဆောင်းကြရန်၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် သိရှိလိုက် နာရမည့် အချက်များ၊ ယာဉ်အန္တရာယ်ကြောင့် အသက်အန္တရာယ်ထိခိုက်မှုနှင့် ကိုယ်လက်အင်္ဂါထိခိုက်မှု မဖြစ် ပွားရေးအတွက် လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ၊ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများကို အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး