နမ့်ခမ်း အောက်တိုဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ အောက်တိုဘာလ(၆)ရက် နံနက်ပိုင်းက ပညာရေးဌာနမှ စီစဥ်ကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က (၂) ကျောင်းမှ ကျောင်းသားကျောင်းသူများ၏ မြတ်ဆရာတေးသီချင်း သီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့လာသည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်ပညာရေးမှူး တာဝန်ခံ၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသွယ်သွယ်ဝင်း က ဖတ်ကြားပေးခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူများ၏ အနန္တ ငါးဖြာမြတ်ဆရာ တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးမြောက်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်းမှ ဆရာ၊ဆရာမများ၊ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(၃)ကျောင်းများမှ ကျောင်းသားကျောင်းသူများ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး