ပင်လောင်း အောက်တိုဘာ-၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အောက်တိုဘာ(၅)ရက် နံနက်(၉) နာရီခွဲက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘက်စုံသုံးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က နိုင်ငံတော်က ရည်မှန်းချက်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဖြင့် ဆောင်ရွက်သည့် နေရာတွင် အစိုးရအဖွဲ့ တစ်ခုတည်း ဆောင်ရွက်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ပြည်သူပြည်သားများမှ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ သွားလိုသည့် လမ်းကြောင်းအပေါ် ရောက်ရှိမှာဖြစ်ကြောင်း၊ ဒေသခံပြည်သူများနှင့် ထိတွေ့၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပါက အောင်မြင်မှုများရရှိမှာဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များကို သက်ဆိုင်ရာဒေသများတွင် မိဘပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးပြီး ခက်ခဲသော ကိစ္စရပ်များရှိပါက မိဘပြည်သူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့အနေဖြင့် ဝိုင်းဝန်း ဆုံးဖြတ်ဆောင်ရွက် ပေးရန် ရောက်လာခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်ထက်က ဒေသဆိုင်ရာ အချက် အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် ရပ်မိရပ်ဖများ၊ တိုင်းရင်းသား စာပေ ယဥ်ကျေးမှု အဖွဲ့များ စီးပွားရေးလုပ်ငန်းရှင်များမှ ဒေသဆိုင်ရာ လိုအပ်ချက်များ တင်ပြကြပြီး ရှမ်းပြည်နယ် အစိုးရ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများ၏ တင်ပြချက်အပေါ် ဖြေရှင်း ဆောင်ရွက် ပေးခဲ့ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်က နိဂုံးချုပ်အမှာစကား ပြောကြား၍ ပင်လောင်းမြို့နယ် ဌာနဆိုင်ရာအတွက်နှင့် တိုင်းရင်းသားစာပေယဥ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပေးအပ်ရာ ပင်လောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တိုင်းရင်းသားစာပေ ယဥ်ကျေးမှု အဖွဲ့များမှ လက်ခံရယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် တို့အား တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့မှ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ခွန်စံလွင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင် ၊ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ပင်လောင်းမြို့နယ် မြသိန်းတန် စာသင်တိုက် ဆရာတော် ဘဒ္ဒန္တမင်္ဂလ(သာသနာဓဇဓမ္မာစရိယ)အား သွားရောက် ဖူးမျှော်ကြည်ညို ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မ အလှူငွေများ လှူဒါန်းပေးကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် နောင်တရား သဘာဝမြေသြဇာစက်ရုံနှင့် အာလူးအအေးခန်းတို့အား လှည့်လည်ကြည့်ရှုပြီး နောင်တရားမြို့ ပရိယတ္တိစာသင်တိုက်ရှိ ပဓနနာယက ဘဒ္ဒန္တဂန္ဓာမာဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းနှင့်နဝကမ္မ အလှုငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ဆက်လက်၍ နောင်တရား ပရိတ္တိစာသင်တိုက် ကျောင်းတွင် နောင်တရားမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေယဥ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က ဒေသလိုအပ်ချက်များကို သိရှိနိုင်ရန်နှင့် ပြည်သူများ၏ တင်ပြချက်အပေါ် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နောင်တရား မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေယဥ်ကျေးမှု အဖွဲ့များမှ ဒေသလိုအပ်ချက်များ တင်ပြကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပြည်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်က နိဂုံးချုပ်အမှာစကားပြောကြား၍ တိုင်းရင်းသား စာပေယဥ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများ ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ခွန်စံလွင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စာပေယဥ်ကျေးမှု အဖွဲ့ တာဝန်ရှိသူများမှ အသီးသီး လက်ခံရယူကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တီကျစ်မြို့ ဆည်ခေါင်းရွာရှိ စိုက်ပျိုးရေး စံပြစိုက်ခင်းအားသွားရောက်ကြည့်ရှုပြီး တောင်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က နေကြာမျိုးစေနှင့်သဘာဝမြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး