မဘိမ်း အောက်တိုဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မွေးကင်းစမှအသက်တစ်နှစ်ခွဲ အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို အောက်တိုဘာလ(၅)ရက် နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာ နမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံကြမည့် ကလေးငယ်များအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး မွေးကင်းစမှအသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်ဆေး၊ ဆုံဆို့ကြက်ညှာ၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင် ရောဂါ၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ ပြင်းထန်ဝမ်းရောဂါကာကွယ် ဆေး စသည့်ပုံမှန်ကာကွယ်ဆေးများကို အသက်အပိုင်းအခြားအလိုက် စနစ်တကျ ထိုးနှံတိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး