နမ့်ခမ်း အောက်တိုဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊နမ့်ခမ်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်စာပေများကို တန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန်၊စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိ နားလည်စေရန် ရည်ရွယ်ပြီး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ ငှားရမ်းခြင်းကို အောက်တိုဘာလ(၄)ရက် နံနက်ပိုင်းက နမ့်ခမ်းမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ပြီး စာဖတ်သူများ အကြိုက် စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်းအား ဆောင်ရွက်ခဲ့ကြသည်။စာအုပ်ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက်  စာအုပ်အသစ်များကို အပတ်စဉ် လဲလှယ်ဖြည့်ဆည်းပေးလျှက်ရှိကြောင်းနှင့်ယခုငှားရမ်းပေးခဲ့သော စာအုပ် များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် ပြန်လည်အပ်နှံကာ စာအုပ်အသစ်များကို ထပ်မံငှားရမ်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။
နမ့်ခမ်းမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေ အလွယ်တကူ ဖတ်ရှုနိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ရပ်ကွက်များ၊စာသင်ကျောင်းများ၊ဌာနဆိုင်ရာ ရုံးများအရောက် လိုက်လံငှားရမ်းပေးခြင်းမျိုးဖြစ်ပြီး မြို့နယ်ရုံး၊ ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုအခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး