တောင်ကြီး စက်တင်ဘာ၂၈
၁။ ရေထုအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်မှု
(က) ပြည်နယ်ရုံးအနေဖြင့် အင်းလေးကန်အတွင်း (၄) နေရာနှင့် တောင်ကြီးမြို့ရှိ ရေထွက် (၂) နေရာတို့အား OnSite (U53G) ဖြင့် ရေအရည်အသွေးတိုင်းတာခြင်းကို ၁၉-၈-၂၀၂၃နှင့် ၂၂-၈-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ အဆိုပါနေရာများမှ ရေနမူနာများ ကောက်ယူ၍ ဓာတ်ခွဲ တိုင်းတာခြင်းအား ၂၂-၈-၂၀၂၃ ရက်နေ့မှ ၂၈-၈-၂၀၂၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီး OnSite (U53G) ဖြင့် တိုင်းတာမှုရလဒ်များအရ US EPA ၏ Surface Water Standard ဖြင့် နှိုင်းယှဉ်ရာတွင် ရေလယ်ဗိုလ်တဲ၊ ဇရပ်ကြီး (စိုက်ပျိုးရေးရေခြံ)၊ အင်းပေါခုံနှင့် ဟဲယာရွာမတို့တွင် Total Phosphorus၊ ပါဝင်မှုများမှာ Standard ထက်ကျော်လွန်နေကြောင်းတွေ့ရှိရပါသည်။
(ခ) တောင်ကြီးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တောင်ကြီးမြို့ပေါ်ရှိ ရေပေး ဝေရေး ဆောင်ရွက်နေသော သဘာဝရေထွက်၊ ရေထိန်းကန်၊ ဆည်တမံ (၆) နေရာအား OnSite (U53G) ဖြင့်တိုင်းတာရာ ရလဒ်များမှာ US EPA Standard အတွင်းရှိပြီး ပါမိုးနဲ (ဘဲဥကန်) တွင် pH Level မှာ (9.02) ဖြစ်ပြီး ထုံးဓာတ်ပါဝင်မှု များနေကြောင်းတွေ့ရှိ ရပါသည်။
(ဂ) လွိုင်လင်ခရိုင်၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လွိုင်လင်မြို့ပေါ်ရှိလူနေ ရပ်ကွက် များသို့ ရေပေးဝေနေသော ကူချိုးရေထွက်နှင့် မြကန်သာရေကန်နေရာတို့အား OnSite (U53G) ဖြင့်တိုင်းတာရာ ရလဒ်များမှာ US EPA Standard အတွင်းရှိကြောင်း တွေ့ရှိရပါသည်။
(ဃ) တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်ရှိ မယ်ခေါင်ချောင်း၊ မယ်ယန်းကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်း၊ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ မယ်ဆိုင်ချောင်းနှင့် မဲခေါင်မြစ်နေရာ (၄) နေရာတို့အား OnSite (U53G) ဖြင့် တိုင်းတာရာ ရလဒ်များမှာ US EPA Standard အတွင်းရှိပြီး၊ ကျိုင်းတုံမြို့ရှိ နောင်တုံကန်နေရာ၏ ရလဒ်မှာ Dissolved Oxygen (DO) Level သိသာစွာ ‌လျော့နည်းနေကြောင်းတွေ့ရှိရပါသည်။
(င) ကျောက်မဲခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျောက်မဲမြို့ အမှတ် (၁) ရပ် ကွက်ရှိ ရေပေးဝေနေသော ရေထွက်ဦးရေကန်နေရာအား OnSite (U53G) ဖြင့် တိုင်းတာရာ ရလဒ်များမှာ US EPA Standard အတွင်းရှိကြောင်း တွေ့ရှိရပါသည်။
(စ) လားရှိုးခရိုင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လားရှိုးမြို့ရှိ အေဒီချောင်း၊ ဟူးမွန်ဆည်နှင့် ရေကန်တောင်ရေလှောင်ကန်နေရာအား OnSite (U53G) ဖြင့် တိုင်းတာရာရလဒ်များမှာ US EPA Standard အတွင်းရှိကြောင်းတွေ့ရှိရပါသည်။
၂။ ဝန်းကျင်လေထုအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်ခြင်း
(က) တောင်ကြီးမြို့၊ ပြည်နယ်ရုံးအခြေစိုက်ရာနေရာတွင် Air Quality Monitoring Station (AQMS) စက်ဖြင့် SO2 နှင့် NO2 တို့အား တိုင်းတာခဲ့ရာ USEPA Guideline အရ ကောင်းမွန်သောအခြေအနေတွင်ရှိပါကြောင်း တွေ့ရှိရပါသည်။
(ခ) တာချီလိတ်မြို့၊ ခရိုင်ရုံးအခြေစိုက်ရာနေရာတွင် Attenuation Mass Monitor (BAM 1022) စက်ဖြင့် PM2.5 အားတိုင်းတာခဲ့ရာ USEPA Guideline အရ ကောင်းမွန်သောအခြေအနေရှိပြီး လေထုအရည်အသွေး အညွှန်းကိန်း AQI အနေဖြင့် PM2.5 မှာ Moderate အသင့်အတင့်(အဝါရောင်အဆင့်) (၁၅) ကြိမ်နှင့် Good ကောင်းမွန်သောအဆင့် (အစိမ်းရောင်အဆင့်) (၁၆) ကြိမ်ဖြစ်ပေါ်ခဲ့ပါကြောင်း တွေ့ရှိရပါ သည်။
(ဂ) ကျိူင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ၊ ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာအနီးတွင် Portable Beta Attenuation Mass Monitor (BAM 1022) စက်ဖြင့် PM2.5 အား တိုင်းတာခဲ့ရာ Good ကောင်းမွန်သောအဆင့်(အစိမ်း‌ရောင်) တွင်ရှိ ကြောင်း တွေ့ရှိရပါသည်။
(ဃ) လားရှိုးမြို့၊ ခရိုင်ရုံးအခြေစိုက်ရာနေရာတွင် Haz Scanner EPAS စက်ဖြင့် PM10၊ SO2၊ CO နှင့် NO2 တို့အား တိုင်းတာခဲ့ရာ PM10၊ NO2 နှင့် CO တို့မှာ USEPA Guideline အရ ကောင်းမွန်သောအခြေအနေရှိပါကြောင်း၊ PM 10 AQI မှာ Moderate အသင့်အတင့်အဆင့်(အဝါရောင်) (၁) ကြိမ်၊ Good ကောင်းမွန်သောအဆင့် (အစိမ်း‌ ရောင်) (၃) ကြိမ်၊ SO2 မှာ Moderate အသင့်အတင့်အဆင့်(အဝါရောင်) (၁) ကြိမ်၊ ထိခိုက်လွယ်သူများအတွက် ကျန်းမာရေးထိခိုက်နိုင်သည့် အဆင့် Unhealthy for Sensitive Group (လိမ္မော်ရောင်) (၃) ကြိမ်ဖြစ်ပေါ်ခဲ့ပါကြောင်း တွေ့ရှိရပါသည်။

၃။ မဲခေါင်-လန်ချန်းစီမံကိန်းလုပ်ငန်းများဖြစ်သည့် သတ်မှတ်နေရာ(၃) နေရာတွင် ဝန်းကျင် လေထုအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်ခြင်း
(က) တာချီလိတ်မြို့နယ်၊ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းရှိ ရေအရင်းအမြစ်နှင့်မြစ် ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးရုံးအနီးတွင် တိုင်းတာရလဒ်များအရ လေထုအရည် အသွေး အညွှန်းကိန်း AQI တန်ဖိုးများအနေဖြင့် ကောင်းမွန်သောအဆင့် Good (အစိမ်းရောင် အဆင့်) ရှိပါကြောင်း၊
(ခ) တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရေး တံတား အနီးရှိ လမ်းဦးစီးဌာန၊ ရှင်းလင်းဆောင်တွင် တိုင်းတာရလဒ်များအရ လေထုအရည် အသွေး အညွှန်းကိန်းAQIတန်ဖိုးများအနေဖြင့် ကောင်းမွန်သောအဆင့် Good (အစိမ်း ရောင်အဆင့်) ရှိပါကြောင်း၊
(ဂ) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ ဖတ်ဟိကျေးရွာတွင် တိုင်းတာ ရလဒ် များအရ လေထုအရည်အသွေးအညွှန်းကိန်း AQI တန်ဖိုးများအနေဖြင့် ကောင်းမွန်သောအဆင့် Good (အစိမ်းရောင်အဆင့်) ရှိပါကြောင်း၊
(ဃ) သတ်မှတ်တည်နေရာ(၃) နေရာ တွင် တိုင်းတာရရှိသည့် လေထုအရည်အသွေးရလဒ် Concentration တန်ဖိုးများအနေဖြင့် USEPA ၏ Ambient Air Quality Standard တန်ဖိုးများအတွင်းရှိကြောင်း တွေ့ရှိရပါသဖြင့် လေထုအရည်အသွေးမှာ ကောင်းမွန် သည့် အခြေအနေတွင်ရှိပါကြောင်း သိရှိရသည်။
‌ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တိုင်းတာသည့်နေရာ၊ တိုင်းတာသည့် Coordinate အမှတ်၊ အသုံးပြုသည့်စက်ကိရိယာများကို အောက်ဖော်ပြပါဇယားဖြင့် ဖော်ပြထားကြောင်း သိရှိရသည်။


ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး