ဆီဆိုင် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ စည်ပင်သာယာရေးဌာနအနေဖြင့် မြို့တွင်းလမ်းများကောင်းမွန်ရေး၊ မြို့သန့်ရှင်းသာယာလှပစေရေး၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ဝင်ထွက်သွားလာမှုလွယ်ကူစေရေးအတွက် အောင်သပြေရပ်ကွက်ရှိ(ယုဇနလမ်းသွယ်-၄) ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို စက်တင်ဘာလ(၂၇)ရက် နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်ရာရှိ ဦးမောင်မောင်မြင့်နှင့်တာဝန်ခံအင်ဂျင်နီယာ ဒေါ်နှင်းနှင်းနွယ်တို့က လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့ ယုဇနလမ်းသွယ်-၄ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ တတိယ (၃)လပတ်အတွင်း ပြည်နယ် ခွင့်ပြုရန်ပုံငွေ ကျပ်(၂၅၉၆၈၀၀၀)ဖြင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူဆောင်ရွက်သည့် အရှည်ပေ ၆၀၇၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ အောင်သပြေရပ်ကွက်(ယုဇနလမ်းသွယ်-၄) ကတ္တရာခင်းခြင်းလုပ်ငန်းကို စက်တင်ဘာ ၁၆ ရက်နေ့တွင် စတင်ဆောက်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း(၄၀)ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး