တောင်ကြီး စက်တင်ဘာ-၂၂
၁၃၈၅ ခု၊ ၂၀၂၃ခုနှစ် အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ၂၁ ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံမည်ဖြစ်၍ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ် (၁/၂၀၂၃)ကို စက်တင်ဘာ(၂၂)ရက် မွန်းတည့်(၁၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် အင်းလေးဒေသ နှစ်စဉ်ရိုးရာမပျက် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်နေပါကြောင်း အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီအပူဇော်ခံနိုင်ရန် အင်းလေးဒေသရှိ ဆရာတော်ကြီးများနှင့် (၂)ကြိမ် တွေ့ဆုံအစည်းအဝေးပြုလုပ်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေးတွင်လည်း အားလုံးက ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ပေးကြရန် ရှမ်းပြည်နယ်သည် ခရီးသွားလာရေးလုပ်ငန်း များပြားသောကြောင့် ယခုလို ပွဲတော်ကျင်းပရခြင်းသည် ဒေသရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသော ပွဲတော်ဖြစ်မြောက်ရေးကော်မတီ အသီးသီးမှ ရှင်းလင်းတင်ပြ ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ (၂၁) ဌာနသို့ ဒေသစာရီကြွချီ အပူဇော်ခံ မည့်ပွဲကို ၂၀၂၃ခုနှစ် အောက်တိုဘာ(၁၅)ရက် သီတင်းကျွတ်လဆန်း(၁)ရက်မှ သီတင်းကျွတ် လပြည့်ကျော် (၁)ရက် နိုဝင်ဘာ(၁)ရက်နေ့ အထိ ဖြစ်ကြောင်းသိရသည်။
ထို့နောက် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပရာ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မီးပုံးပျံနှင့်ပတ်သက်၍ မီးပုံးပျံအဖွဲ့မှ ဆောင်ရွက်ပြီးစီးမှု (၈၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ပွဲတော်နှင့်ပတ်သက်၍ ဆောင်ရွက်လိုသည့်ကိစ္စရပ်များရှိပါက ယခုအစည်းအဝေးတွင် အားလုံးဝိုင်းဝန်းဆွေးနွေး၍ အတည်ပြု ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
၎င်းနောက် တောင်ကြီးမြို့ တန်ဆောင်တ်ုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ ရှမ််းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းက လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသော လုပ်ငန်းကော်မတီအလိုက် တင်ပြကြပြီး အထွေထွေဆွေးနွေး၍ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး