ဟိုပုံး   စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းပါ ခေတ်မီစံပြ ကျေးရွာအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အခြေခံစက်ချုပ် နည်းပညာ သင်တန်းဆင်းပွဲကို  စက်တင်ဘာလ(၂၀)ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျောက်တန်းခေတ်မီစံပြကျေးရွာ ရှိ ဘုန်းတော်ကြီးကျောင်းတွင်  ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက သင်တန်းဆင်း အမှာ စကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း၊ စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်း၊ အခြေခံလျှပ်စစ်သွယ်တန်း နည်းပညာသင်တန်းနှင့် ယခုဖွင့်လှစ်တဲ့ အခြေခံစက်ချုပ်နည်းပညာသင်တန်းများကို စဉ်ဆက် မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုဖော်ဆောင်ပေးခြင့် အသေးစား၊ အငယ်စားစီးပွားလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွားစေရန်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများဖွံဖြိုးတိုးတက်လာစေရန်၊ နှင့် အသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဟိုပုံးမြို့နယ် ကျောက်တန်းခေတ်မီစံပြ ကျေးရွာမှာ အကောင်အထည်ဖော်မည့် လုပ်ငန်းကတော့ ကျေးရွာများရှိ ကျေးလက်နေပြည်သူ များ၏ ဝင်ငွေတိုးရေးလုပ်ငန်းခေါင်းစဉ်နဲ့ ကျောက်တန်းခေတ်မီစံပြ ကျေးရွာမှာရှိတဲ့ ဒေသခံများ အနေဖြင့် မိမိနှင့် မိသားစုဝင်များအတွက် ဝတ်ဆင်သောအဝတ် အထည်များကို မိမိကိုယ်တိုင်ချုပ် လုပ်ဝတ်ဆင်နိုင်ရန်၊ အခြားဝတ်ဆင်သူများ၏ အဝတ်အထည်များကို ချုပ်ခယူ၍ ချုပ်လုပ်ပေးခြင်း ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အမျိုးသမီးများ အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေရှာဖွေ နိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။  ထို့နောက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက သင်တန်းမှထွက်ရှိသော ကုန်ချောပစ္စည်းများအားပေးအပ်ရာ သင်တန်းသူ တစ်ဦးမှ လက်ခံယူခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို ဩဂုတ်လ(၂၂)ရက်နေ့မှ စက်တင် ဘာလ(၂၀)ရက် နေ့အထိ သင်တန်းသား၊ သင်တန်းသူများဖြင့် စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး