မိုးမိတ် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်တွင် မြို့နယ်မီးသတ်ဦးစီးဌာန မှ မီးဘေးလုံခြုံ ရေး အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) အုန်းကြောရွာသစ်၌ စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်က မီးဘေးအန္တရာယ်သတိရှိစေရေး အတွက် မီးဘေးဟူသည်မှာ လူပြုသောဘေးတစ်ခုဖြစ်ပြီး လူသားအရင်းအမြစ် နှင့် သဘာဝ အရင်းအမြစ် အားလုံးကို ဖျက်ဆီးပစ်နိုင်သော ဘေးဆိုးတစ်ခုဖြစ်သည့်အတွက် မီးသတိမူရေး ၊မီးဘေး ကြိုတင် ကာကွယ် တားဆီးရေးဆိုင်ရာ ညွှန်ကြားချက် များကို ရှင်းလင်းဟောပြောခဲ့ပြီး မီးဘေးလုံခြုံရေး ပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
ဆက်လက်ပြီး လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြရာတွင် မီးစတင်လောင်ခြင်းကို ရေစိုစောင်ဖြင့် ဖုံးအုပ်ငြိမ်းသတ်၍ သရုပ်ပြခြင်းတို့ကို ကျောင်းသား ၊ ကျောင်းသူများနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက သရုပ်ပြဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး