ပင်းတယ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ စက်တင်ဘာ ( ၂၁)ရက် နံနက် ၉ နာရီက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးအာကာလင်းနှင့်ဇနီး ဒေါ်ခင်စန္ဒာစိုး၊ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့မိသားစုဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်းနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ကြသည်။ယင်းနောက် ဆရာတော်သံဃာတော်များက ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ တည်ထား ကိုးကွယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဘုရားအနေ ကဇာတင်ခြင်းကိုဆောင်ရွက်ခဲ့ကြပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပရိတ်တရားတော်ချီးမြှင့်နာခံကြသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အခမ်းအနားသို့တက်ရောက်လာကြ သူများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃာ့နာယကဥက္ကဌ(ရွာငယ်ကျောင်းသစ်)ဆရာတော် အရှင်စန္ဒေါဘာသထံမှ တရားတော်နာယူကာ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေကြ ကြောင်း သိရသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအာကာလင်း၊ ဇနီးဒေါ်ခင်စန္ဒာစိုးနှင့် အခမ်းအနားသို့တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း၊ ခဲဖွယ်များ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး