နမ့်ခမ်း စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊နမ့်ခမ်းမြို့၌ ကိုယ်ဝန်ဆောင် မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား အာဟာရ ဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန နမ့်ခမ်းမြို့နယ် လူမှုဝန်ထမ်းရုံးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပထမသုံးလပတ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို စက်တင်ဘာ (၁၈)ရက် နေ့လည်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ထောက်ပံ့ပေး အပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊မြို့နယ် လူမှု ဝန်ထမ်းရုံးမှ ဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ် စုရပ်များတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ နမ့်ခမ်းမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့်နှစ်နှစ်အောက် ကလေးငယ်များအား ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်ပထမ သုံးလပတ်(ဧပြီ၊ မေ ၊ ဇွန်လ)များ အတွက် ကိုယ်ဝန်ဆောင်မိခင် (၄၁၈)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်(၆၂၁)ဦးတို့အား တစ်ဦးလျှင် (၁၅,၀၀၀)ကျပ်နှုန်းထားဖြင့် သုံးလစာအတွက် တစ်ဦးလျှင် (၄၅,၀၀၀)ကျပ် စုစုပေါင်း ငွေကျပ်(၄၅,၆၁၅,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး