​ကျိုင်းတုံ စက်တင်ဘာ-၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း ၊ ပြည်နယ်ဝန်ကြီးများ၊ “ဝ”ကိုယ်ပိုင်အုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် စက်တင်ဘာ(၁၇)ရက် ညနေ(၃)နာရီခွဲက ကျိုင်းတုံမြို့နယ် ၊ ဝမ်ဆိုင်းဒေသထွက် ထုတ်ကုန်လုပ်ငန်း တစ်ခုဖြစ်သော စီးပွားဖြစ် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် သက်တန်းရင့် လ္ဘက်ပင် များအား သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့သည် ဝမ်ဆိုင်း ဘုန်းတော်ကြီးကျောင်းအား သွားရောက်၍ ကျောင်းရှိဆရာတော်အား ဖူးမျှော်ကန်တော့၍ နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ် ဝန်ကြီးများ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ညွန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် စက်တင်ဘာ(၁၈)ရက် နံနက်(၈)နာရီက ကျိုင်းတုံမြို့၏ အထင်ကရသာယာလှပသော နောင်တုံကန်နှင့် ကျိုင်းတုံ ဟော်နန်းသံကူကွန်ကရိ(၂)ထပ်ဆောင် (၇၄)ရာခိုင်နှုန်းပြီးစီးတည်ဆောက်နေမှုအား ကြည့်ရှုရာ နယ်မြေခံ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်း၍ ဟော်နန်းအတွင်း လှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ကျိုင်းတုံဗုဒ္ဓဥယျာဥ်တော်သို့ သွားရောက် ၍ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်နှင့်အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအားဖူးမျှော်ကြည်ညိုကန်တော့ပြီး ပန်း၊ရေချမ်း၊ဆီမီး တို့ကို ဆက်ကပ်လှူဒါန်း၍ အလှူငွေ များ ပေးအပ်လှူဒါန်းပေးရာ ဘုရားဂေါပက တာဝန်ရှိသူများမှ လက်ခံရယူကြကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီး များနှင့် တာဝန်ရှိသူတို့သည် တာချီလိတ်ခရိုင် ၊ တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက် ဦးစီး ပဓါန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိ ကျန်းမာရေးအခြေအနေ စောင့်ရှောက်နေမှုကို သွားရောက် ကြည့်ရှုဖူးမျှော်ကြည်ညိုကန်တော့ပြီး ဆရာတော်ဆေးကုသရန် နဝကမ္မအလှူငွေများအား နဂါးနှစ်ကောင်ကျောင်းတိုက်လက်ထောက်ဆရာတော် မဟာဂန္ဓဝါစကပန္တိတဘဒ္ဒန္တသုဓမ္မ ထံဆက်ကပ်ပေးအပ်လှူဒါန်း ပေးခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ၍ နိုင်ငံတော်စီမံအုပ်ရေး ကောင်စီအဖွဲ့ဝင် နှင့်အဖွဲ့များသည် တာချီလိတ် ရွှေတိဂုံ စေတီတော်အား သွားရောက်ဖူးမျှော်ကြည်ညို၍ ပန်း၊ရေ၊ချမ်း၊ဆီမီး ဆက်ကပ် လှူဒါန်းပေးပြီး အလှူငွေများ လှူဒါန်းပေးကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး