မိုးမိတ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၊ ဟော်နန်းရပ်ကွက် အထက(၁)ကျောင်းတွင် အသက်(၉)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းအခြေပြု အမျိုးသမီးငယ် များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးကို စက်တင်ဘာ(၁၈)ရက် နံနက် ၉နာရီခွဲကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော် ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးများနှင့် အဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်ပညာရေးဦးစီးဌာနမှ ဆရာ/ဆရာမ (၄)ဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်(၁၀)ဦး၊ စုစုပေါင်းအင်အား(၂၅)ဦးဖြင့် အထက(၁)ကျောင်းရှိ အသက်(၉)နှစ်မှ (၁၂)နှစ်အတွင်း အမျိုးသမီးငယ်များ စုစုပေါင်း(၅၆)ဦးအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး