နမ့်ခမ်း စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင်(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်နမ့်ခမ်းရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ စက်တင်ဘာ(၁၈)ရက် နံနက် (၉)နာရီက နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံ၌ စုပေါင်း၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့သွေးလှူဒါန်းရာတွင် နမ့်ခမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ရဲမှူး အောင်ဇင်ဦးဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်/မိသားစု စုစုပေါင်း(၁၀)ဦးတို့က ဆေးရုံကြီးတွင် ဆေးကုသခံယူ လျှက်ရှိကြသည့်လူနာများသွေးလိုအပ်သည့်အခါ အဆင်ပြေစွာ ရရှိနိုင်ရန် အလို့ငှာ သွေးလှူဘဏ်သို့စုပေါင်းသွေးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက်နမ့်ခမ်းမြို့နယ်ရဲတပ်ဖွဲ့မှူး၊ရဲမှူးအောင်ဇင်ဦး၊မြို့နယ်ပြည်သူ့‌ဆေးရုံအုပ်ကြီးဒေါက်တာစိုင်းလှတင်နှင့် တာဝန်ရှိသူများကစုပေါင်းသွေးလှူဒါန်းမှုအား လှည့်လည်ကြည့်ရှု အားပေးပြီး သွေးလှူဒါန်းသူများအား အာဟာရဖြည့်စွက်စာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး