လားရှိုး စက်တင်ဘာ-၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများတို့သည် စက်တင်ဘာ(၁၆)ရက် မွန်းလွဲ(၂)နာရီက လားရှိုးမြို့ ၊ အစိုးရ နည်းပညာ အထက်တန်းကျောင်း သို့ သွားရောက်၍ ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများကို အားပေးစကားပြောကြပြီး ကျောင်းသား၊ကျောင်းသူများမှ စာတွေ့ လက်တွေ့ပြသမှုကို ကြည့်ရှူ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်တို့က အစိုးရနည်းပညာအထက်တန်းကျောင်းအတွက် ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမများမှ လက်ခံရယူကြကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် လားရှိုးမြို့ ၊ ဇမ္ဗူအေး အေတီတပ်ဦးကျောင်း ပရိယတ္တိစာသင်တိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် သာသနဓဇဓမ္မာစရိယဆရာတော် ဘဒ္ဒန္တဥတ္တမ အားဖူးမျှော်ကြည်ညိုကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်းပေး ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် လားရှိုးမြို့ ၊ သာသနာ၂၅၀၀ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော်အား ဖူးမျှော်ကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းသည် လားရှိုးမြို့ရှိ ပလောင်တိုင်းရင်းသား၊တိုင်းရင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် တာဝန်ရှိသူများသည် လားရှိုးမြို့ ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်၍ ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူများကို အားပေးစကားပြောကြားပြီးကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများမှ လက်ခံရယူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကျောင်းသား၊ကျောင်းသူများ၏ အိပ်ဆောင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် လားရှိုးမြို့ စိုက်ပျိုးရေး၊မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်တို့က အားပေးစကားပြောကြားပြီး စိုက်ပျိုးရေး၊မွေးမြူရေးကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများမှ လက်ခံရယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး၊ မွေးမြူရေး သင်ကြားသင်ယူမှု အထောက်အကူပြု ပစ္စည်းခန်းအား လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး