နမ့်ဆန် စက်တင်ဘာ-၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် စက်တင်ဘာ(၁၅)ရက် မွန်းလွဲ(၂)နာရီခွဲက ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၊ တောင်ပိုင်ခန်းမ၌ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ ပလောင် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်းသိရသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကိုယ်စားလာရောက်ပြီး ပလောင်ဒေသကိုယ်စား ဆောင်ရွက်ခွင့်ရသည့်အတွက် ဝမ်းသာ ပါကြောင်း ၊ မိမိဒေသကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တစ်ခုလုံးကို ကူညီဆောင်ရွက် ပေးရန်ဖြစ်ကြောင်း ၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသည့်အချိန်တွင် မိမိတို့နှင့်အတူ ပါဝင်ကူညီဆောင်ရွက်ပေးကြရန်၊ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများကို နိုင်ငံတော်က ဆောင်ရွက်နေသည့်အချိန်တွင် ခေတ်မီစက်ကိရိယာများဖြင့် အသုံးပြုပေးရန်လိုအပ်ပါကြောင်း၊ ဒေသ လိုအပ်ချက်များရှိပါက တင်ပြဆွေးနွေးပေးကြရန်နှင့် အချို့သော ကျေးရွာများတွင်လည်း လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရပါကြောင်း၊ ပညာရေးကဏ္ဍတွင်လည်း လူ့စွမ်းအားအရင်းအမြစ်အဖြစ် လူငယ်လူရွယ်များ ကို လမ်းမှန်တည့်မတ်အောင်၊ ပညာတတ် လူတော်လူကောင်းဖြစ်လာရန် အားလုံးက ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်၊ မိဘများကလည်း သားသမီးများကို ပညာတတ်ဖြစ်အောင် ကြိုးစားပေးကြရန် ၊စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်လည်း လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးကြရန် ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးရန်ကျော်က နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရန် စီးပွားရေး၊လူမှုရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားနေပါကြောင်း၊ ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် ဒေသအတွင်းရှိ ပြည်သူများက ပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ စီးပွားရေး ဆောင်ရွက်ရာတွင် လည်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို အဓိကထား ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။
ထို့နောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တားသိန်းဇော်က ပလောင်ဒေသ နမ့်ဆန်မြို့ဆိုင်ရာ အချက်အလက်များရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် စီးပွားရေး လုပ်ငန်းရှင်များက တင်ပြဆွေးနွေးကြ၍ ပြည်နယ်အဆင့်သက်ဆိုင်ရာဌာနများမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တင်ပြများချက်အပေါ် ဖြေရှင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများအပေါ် ထောက်ပံ့ငွေ ပေးအပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေး ရန်ပုံငွေမှ နမ့်ဆန်မြို့၊ ဟူးခင်းကျေးရွာအုပ်စု၊ မန်စပ်ကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် အနောက်ဘက် ကမ်းပါးယံ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၁၃၆,၈၀၀,၀၀၀) (တစ်ထောင့်သုံးရာခြောက်ဆယ့်ရှစ်သိန်း) ၊ နမ့်ဆန်မြို့၊ မြို့လယ် ရပ်ကွက်ရှိ ဒေသ/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ အနောက်ဘက် မြေထိန်းနံရံအား ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၁၃၀,၀၀၀,၀၀၀) (တစ်ထောင်သုံးရာသိန်း) ၊ နမ့်ဆန်မြို့၊ မင်္ဂလာရပ်ကွက်၊ဗိုလ်တာရာလမ်း မြို့နယ်စည်ပင်ရုံးနှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ အောက်လမ်းကမ်းပါးယံအား ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၅၃,၂၀၀,၀၀၀) (ငါးရာသုံးဆယ့်နှစ်သိန်း) ၊ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု၊ မန်စပ်ကျေးရွာ အတွင်းရှိ မန်စပ်-ရေပူစမ်း(ကျောက်ချောလမ်း)နှင့်(Box Culvert) တည်ဆောက်ခြင်း လုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် (၈,၅၀၀,၀၀၀) (ရှစ်ဆယ့်ငါးသိန်း)အား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း ၊ ဦးရန်ကျော် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး ၊ ဒုတိယ တိုင်းမှူးတို့က ပေးအပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တားသိန်းဇော်နှင့် အဖွဲ့ဝင်များ လက်ခံရယူပြီး ပလောင် တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ပေးအပ်ရာ ပလောင်တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့မှ လက်ခံရယူသည်။
ယင်းနောက် တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဦးရွှေကြိမ်းက နိဂုံးချုပ်စကားပြောကြား၍ ခန်းမအတွင်း ခင်းကျင်းပြသထားသော ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ MSMEs ဒေသထွက်ကုန်ပစ္စည်းများ လှည့်လှည်ကြည့်ရူကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း ၊ ဦးရန်ကျော် နှင့်တာဝန်ရှိ သူများသည် နမ့်ဆန်မြို့ ၊ မြို့မ ဂိုဏ်းချုပ်ကျောင်းတိုက်သို့ သွားရောက်၍ မြို့မ ဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိမလအား ဖူးမျှော်ကြည်ညိုကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း ၊ ဦးရန်ကျော် ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးတွင် ပလောင်စာပေယဉ်ကျေးမှုအဖွဲ့ နှင့် တွေ့ဆုံကြောင်း သိရသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်ညွှန်မှူးများ၊ တာဝန်ရှိသူတို့သည် စက်တင်ဘာ(၁၆)ရက် နံနက်(၇)နာရီက ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသော ဒေသခံ ပြည်သူများအား အာဟာရပြည့် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ဆေးရုံရှိ ဓါတ်မှန်ခန်း၊ သွားနှင့်ခံတွင်း ကုသခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး နမ့်ဆန်ပြည်သူ့ဆေးရုံအတွက် နိုင်ငံတော် စီမံမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်ဦးရွှေကြိမ်း၊ဦးရန်ကျော်တို့က ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် သူနာပြုဆရာမများမှ လက်ခံရယူကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် နမ့်ဆန်မြို့ရှိ ဇယန်းကြီး ဘုန်းတော်ကြီးကျောင်းအားသွားရောက်၍ ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇအား ဖူးမျှော်ကြည်ညိုကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး ဧည့်သည်တော်မှတ်တမ်း တွင် လက်မှတ်ရေးထိုး၍ ဘုန်းတော်ကြီးသင် ပညာရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြသည်။ ၄င်းနောက် ပတ္တမြား စေတီကုန်းအား သွားရောက်ဖူးမျှော်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ဦးရန်ကျော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ပတ္တမြားစေတီကုန်းတွင် တည်ဆောက်နေသော ဓမ္မရုံအတွက် အလှူငွေများ လှူဒါန်းပေးကြသည်။
ထို့နောက် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများသည် နမ့်ဆန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအတွင်း ကြည့်ရှုကြပြီး ကျောင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်တို့သည် နမ့်ဆန်မြို့နယ် မီးသတ်တပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်၍ ဇယန်းလ္ဘက်စိုလုပ်ငန်းနှင့် နမ့်ဆန်မြို့၊ ဒေသအထွေထွေအုပ်ချုပ်ရေးရုံး တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုပြီး နမ့်ဆန်မြို့ မဟာမြတ်မုနိဘုရားအား သွားရောက် ဖူးမျှော်ကန်တော့၍ ပန်း၊ရေချမ်း၊ဆီမီးဆက်ကပ်လှူဒါန်းပြီး ဘုရားအတွက် အလှူငွေများလှူဒါန်းပေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး