မိုးမိတ် စက်တင်ဘာ ၉ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၉ ရက် နံနက် ၇ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဝင်းလှိုင် ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဘော် နှင့်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊၂၂၃နယ်မြေခံတပ်ရင်မှ တပ်ဖွဲ့ဝင်များနှင့်မိသာစုဝင်များ ၊မြို့နယ်ရဲစခန်းမှ ရဲမှူးကျော်အေးလှိုင် နှင့်တပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ၊ဌာနဆိုင်ရာဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများတို့က စုပေါင်း၍ လူနာကုသဆောင်များ ရှင်းလင်းခြင်း လေဝင်လေထွက်ကောင်းမွန်စေ ရေးတို့အတွက် ဖုန် ၊သဲမှုန်းများ လဲကျင်း ဆောင်ရွက်ခြင်း ၊ခြုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ကောက်ယူစွန့်ပစ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး